၂၃ နှစ်ပြည့် ရှစ်လေးလုံး အရေးအခင်း

  • 8 ဩဂုတ် 2011
8888 ဓာတ်ပုံ မူပိုင် others
Image caption အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျောင်းသားထု

ရှစ်လေးလုံး အရေးအခင်း ၂၃ နှစ်ပြည့် အထိမ်းအမှတ်နေ့ အတွက်၊ အရေးအခင်း ကာလ မှာ ကိုယ်တိုင် တွေ့ကြုံ ခံစား၊ ပေးဆပ်ခဲ့ ရ သူတွေအနက် အမျိုးသမီးတွေ ရဲ့ အခန်းကဏ္ဍ ကို တက္ကသိုလ် ကျောင်းသူ ဘဝက နေ နိုင်ငံရေး အကျဉ်းစံ ဘဝ ရောက်ခဲ့ ရသူတွေက ဘီဘီစီ ကို မျှဝေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသူ နှစ်ကြိမ် ဖြစ်ခဲ့သူ မခင်မိုးအေး က အရေးအခင်း ကာလမှာ ကျဆုံးသူတွေကို ရည်စူးတဲ့ ဆွမ်းကျွေး အမျှအတမ်းဝေမှု ကိုရော အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆုတောင်းမေတ္တာပို့မှု ကိုပါ ရန်ကုန်မြို့ ရှိ ဘုန်းကြီးကျောင်းမှာ ပြုလုပ်မယ့် အကြောင်း ဘီဘီစီ ကိုပြောပြ ပါတယ်။

အမေရိကန် ကို ရောက်နေပြီ ဖြစ်တဲ့ သင်္ချာ အဓိက နောက်ဆုံးနှစ် ကျောင်းသူ၊ နိုင်ငံရေး အကျဉ်းသူဟောင်း မနှင်းသစ္စာအေး ကလဲ ကျောင်းသားလှုပ်ရှားမှု အတွင်းမှာ ထောက်လှမ်းရေး နောက်ယောင်ခံ လိုက်တာ ကို စွန့်စွန့်စားစား မျက်ခြေဖြတ်ခဲ့ ရပုံဟာ သူ့ဘဝမှာ စွန့်စားခန်း တခု ဖြစ်သလို၊ ရှောင်ပုန်းကြပေမယ့် နောက်ဆုံးမှာ ထောင်ငါးနှစ် ကျခဲ့ပုံ ကို ပြောပြပါတယ်။

နော်ဝေး နိုင်ငံရောက် နိုင်ငံရေး အကျဉ်းသူဟောင်း မကေသီအေး က တော့ ၁၉ဂဂ ခုနှစ်က သမ္မတ ဦးမောင်မောင်က ဆန္ဒပြပွဲမှာ အိမ်ရှင်မတွေ မပါဝင်ပုံ ကို ထောက်ပြလို့ နောက်တရက်မှာ အိမ်ရှင်မတွေ ဟာ ဒယ်အိုး၊ ဒန်ခွက်တွေ နဲ့ ဆန္ဒပြ ကျောင်သားအုပ်စု နောက် ပါဝင်လာပုံ ကို ပြန်ပြောင်း သတိရ စေပါတယ်။