ဒေါ်အောင်ဆန်းစုကြည် ပဲခူးသွားမယ်

  • 8 ဩဂုတ် 2011
Image caption ဒေါ်အောင်ဆန်းစုကြည် ပဲခူးကိုသွားမယ်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ရန်ကုန်ပြင်ပ နိုင်ငံရေးခရီးစဉ် အဖြစ် လာမဲ့ တနင်္ဂနွေနေ့ ပဲခူးကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ မနက် ၆ နာရီမှာ ခရီးစထွက်မှာဖြစ်ပြီး၊ ပဲခူတိုင်း သနပ်ပင်မြို့ နဲ့ ပဲခူးမြို့တွေက စာကြည့်ခန်းဖွင့်လှစ်ပွဲတွေကို တက်ရောက်မယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအတွင်းက နိုင်ငံရေးနဲ့ ဆက်သွယ်မှုရှိသူတွေနဲ့ တွေ့ဆုံပြီး ညနေမှာ ပြန်လာမယ်လို့ သိရပါတယ်။

လုံခြုံရေးကို အဖွဲ့ချုပ်က တာဝန်ယူမှာဖြစ်ပြီး၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆက်သွယ် ညှိနှိုင်းမှုတွေ ရှိတယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။