နောက်ဆုံး ရေးသားချိန် 9 သြဂုတ်လ 2011 - 01:19 GMT

IMF အရာရှိတွေ မြန်မာပြည်သွားမယ်

IMF အမှတ်တံဆိပ်

လာမယ့် အောက်တိုဘာလလယ်လောက်မှာ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က အရာရှိတွေ မြန်မာနိုင်ငံကို သွားပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းထား တပြေးညီ သတ်မှတ်နိုင်အောင်နဲ့ နိုင်ငံတကာ ငွေပို့ ငွေလွှဲ ကိစ္စတွေမှာ တားမြစ်ချက်တွေ ကို လျော့ပါးလာအောင် ကူညီ ဆောင်ရွက်ပေးမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ အာဏာပိုင်တွေက သူတို့နိုင်ငံရဲ့ ငွေလဲလှယ်နှုန်းထား စံနစ်ကို ခေတ်မှီအောင် ဆောင်ရွက်ပြီး လက်ရှိနိုင်ငံတကာရဲ့ ငွေချေ ငွေလွှဲကိစ္စတွေမှာ အကူအညီ တောင်းခံလာတာ ကြောင့် အခုလို စီစဉ်ရတာ ဖြစ်ပါတယ်လို့ အိုင်အမ်အက်ဖ် ပြောခွင့်ရအမျိုးသမီး Gita Bhatt က ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။