အပြစ်ဒဏ်က ကင်းလွတ်ခွင့် ရနေကြမှု။

  • 9 ဩဂုတ် 2011
demo
Image caption မြန်မာ့ ဆန္ဒပြပွဲ

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဖြစ်တိုင်း ပစ်ခတ်မှု တွေနဲ့ ဖြေရှင်းတဲ့ အပြင်၊ အပစ်ခံရသူ တွေပဲ အရေးယူခံရပြီး ပစ်ခတ်သူတွေ ကျတော့ ဉပဒေ နဲ့ အညီ ဟုတ်မဟုတ် ကိုလဲ စစ်ဆေးခြင်းမရှိ၊ အပြစ်ဒဏ်တွေလဲ ပေးတာ မရှိပါဘူး။ ရှစ်လေးလုံး လူထု အုံကြွမှု ကို ပစ်ခတ် နှိမ်နင်းသူ တွေလဲ အခုအထိ အရေးယူတာ မတွေ့ရသေး ပါဘူး။

အခုလို ပစ်ခတ်မှုတွေ ကျူးလွန်သူတွေဟာ စစ်တပ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ပတ်သက်နေပေမဲ့ အပြစ်ဒဏ် က ကင်းလွတ်ခွင့် ရနေလို့ ပြည်သူတွေ အနေနဲ့ တရားမျှတမှု ပေါ်ပေါက်အောင် ပြုလုပ်နိုင်တဲ့ နည်း ရှိတာကို မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အတွင်းရေးမှူး ဦးအောင်ထူး က ဘီဘီစီ ကို ပြောပါတယ်။

လူတွေရဲ့ အခြေခံ အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် ဆုံးရှုံးမှု ဟာ အခြေခံ အကျဆုံး လို့ ဦးအောင်ထူး ကပြောပါတယ်။ ၁၉၆၂ ခု နိုင်ငံတော် အာဏာကို စစ်တပ် သိမ်းပြီးကတဲက ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၄ ခု၊ အလုပ်သမား ဆန္ဒပြပွဲ ၊ ၁၉၈၈ ခု တနိုင်ငံလုံး အုံကြွမှု တွေကို နိုင်ငံတကာ စံနှုန်း အရ၊ တာဝန်ရှိသူ တွေ အရေးယူနိုင်ဖို့၊ နည်းလမ်း ရှိတာကို ကာယကံရှင် တွေဘက်က ပြည်တွင်းမှာ ပဲ အချက်အလက်စုဆောင်း အမှုဖွင့် နိုင်ပုံ ကို ရှင်းပြ သွားတါပါ။