အိမ်အမှု ကိစ္စ ဦးအောင်ဆန်းဦးကို တရားစွဲ

  • 10 ဩဂုတ် 2011

အငြင်းပွားနေတဲ့ အိမ်မြေ ပိုင်ဆိုင်ခွင့် အမှုကို စစ်ဆေးနေစဉ် ကာလ အတွင်း တရားရုံးက ဆုံးဖြတ်ချက် မချခင် အမှုနဲ့ ပတ်သက်တဲ့ အရေးကြီး ကိစ္စတွေ အားလုံးကို သူ အနိုင်ရခဲ့ပြီး ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးက ပြောဆိုခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်က သူ့ကို တရားစွဲလိုက်ပါတယ်။

Image caption ဒေါ်အောင်ဆန်း စုကြည်က အစ်ကိုဖြစ်သူနဲ့ မော်နီတာ ဂျာနယ်ကို တရားစွဲ

မော်နီတာ ဂျာနယ်က ဦးအောင်ဆန်းဦးနဲ့ အမေး အဖြေ ဆွေးနွေးခန်း ပြုလုပ်ခဲ့ရာမှာ အဲဒီလို ပြောဆိုတာကို မော်နီတာ ဂျာနယ်ထဲမှာ ထည့်သွင်း ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက ဆုံးဖြတ်ချက် တစုံတရာ မချမှတ်သေးခင် အခုလို ထုတ်ဖော် ပြောဆိုမှုနဲ့ ဒီလို ပြောဆိုတာကို ဖော်ပြတဲ့ ဂျာနယ်ဟာ ဥပဒေ ချိုးဖောက်တာ ဖြစ်တယ် ဆိုပြီး ဦးအောင်ဆန်းဦးကိုရော ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာ ချုပ်တို့ကိုပါ ဒေါ်အောင်ဆန်း စုကြည်က တရား စွဲဆို လိုက်တာ ဖြစ်ပါတယ်။

အံဲဒီ စွဲဆိုမှုကို တရား လွှတ်တော်က လက်ခံလိုက် တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။