ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ထပ်တွေ့မယ်

  • 11 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ပထမအကြိမ် တွေ့ဆုံမှုကိုတော့ နှစ်ဘက်စလုံး က အပြုသဘော ရှုမြင်ခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမား ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တွေရဲ့ဝန်ကြီး ဦးအောင်ကြည်တို့ မနက်ဖြန် သောကြာနေ့ နေ့လည်မှာ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြရာမှာ အဲဒီ တွေ့ဆုံမှုကို အပြုသဘော ဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု အဖြစ် နှစ်ဖက် စလုံးက ထုတ်ဖေါ် ပြောခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှု အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြိုဆိုခဲ့ပါတယ်။

အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆောင်ကြဉ်း နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးမယ်လို့ အိတ်ဖွင့် ရေးစာ တစောင် ရေးပို့ခဲ့အပြီး ရက်ပိုင်း အကြာမှာပဲ အခုလို တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာအပြီး ပထမဆုံး နိုင်ငံရေး ခရီးစဉ် အဖြစ် ပဲခူးမြို့ကို တနင်္ဂနွေနေ့မှာလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။