အစိုးရ နဲ့ ကေအိုင်အေ ဆွေးနွေး

  • 11 ဩဂုတ် 2011
kachin_kia_government ဓာတ်ပုံ မူပိုင် KIO
Image caption ကေအိုင်အေ နဲ့ အစိုးရ ဆွေးနွေး

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ မှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်တပ် တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပစ်အခတ် ရပ်စဲဖို့ သဘောတူ လိုက်ပြီလို့ ကေအိုင်အေ ဘက်ကပြောပါတယ်။

အခုလဆန်းပိုင်းက ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ် နဲ့ ကေအိုင်အေ ကိုယ်စားလှယ် တို့ လဂျားယမ် မှာ တွေ့ဆုံဆွေးနွေး ကြတါပါ။

အစိုးရ ဘက်က ထာဝရ ငြိမ်းချမ်းရေး ယူဖို့ ဆိုပြီးကမ်းလှမ်း ခဲ့လို့ အခုလို ထာဝရ ငြိမ်းချမ်းရေး ရအောင်၊ နေရာတိုင်းမှာ တိုက်ပွဲ တွေ ရပ်ဆိုင်းဖို့ နဲ့ ဆွေးနွေးရေး သတင်း ကိုလဲ ၁၅ ရက် အတွင်းမှာ အစိုးရသစ် အနေနဲ့ ထုတ်ပြန်ကြေငြာ ပေးရေး ကို ကေအိုင်အေ က လိုလားကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဘီဘီစီ ကို ပြောပြပါတယ်။

စောစောပိုင်း ကတော့ ကေအိုင်အေ က ရေရှည် ငြိမ်းချမ်းရေး မရမချင်း တိုက်ပွဲတွေ ရပ်တန့် မှာ မဟုတ်ဘူး လို့ ပြောခဲ့ဖူးပါတယ်။

အခု လောလောဆယ် တိုက်ပွဲတွေ ရပ်တန့် ရခြင်းက ဒေသခံ ကချင်ပြည်သူတွေ စစ်ပြေးဘဝ နဲ့ ဒုက္ခ ရောက်နေကြလို့ ဖြစ်တဲ့ အကြောင်း သိရပါတယ်။