ဒေါ်စု နဲ့ ဦးအောင်ကြည် သတင်းစာရှင်းပွဲ မေးခွန်းမေးခွင့် သိပ်မရ

  • 13 ဩဂုတ် 2011
Daw Su & U Aung Kyi ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်းစာ ရှင်းလင်းပွဲ မှာ ပို အသေးစိတ် ပြော သင့်တယ်လို့ သတင်းထောက် တွေက ဆို

သောကြာ နေ့က ဒေါ် အောင်ဆန်း စုကြည်နဲ့ ဦးအောင်ကြည် တို့ တွေ့ဆုံခဲ့ အပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ သတင်းထောက် တွေကို မေးခွန်း သုံးခုသာ မေးခွင့် ပေးခဲ့တဲ့ အတွက် သတင်း သမားတွေ အားမလို အားမရ ဖြစ်ခဲ့ ကြပါတယ်။

မေးခွန်း တွေကို ဖြေကြားရာမှာလည်း သိပ် ယေဘုယျ ဆန်တယ်လို့ သတင်းစာရှင်းလင်းပွဲ ကိုတက်ခဲ့တဲ့ ရန်ကုန်မီဒီယာအုပ်စုက ရန်ကုန်တိုင်းမ် သတင်း ဂျာနယ် ဒုတိယ အယ်ဒီတာချုပ် ကိုလှိုင်ဘွားက ပြောပါတယ်။

ဒီသတင်းစာ ရှင်း လင်းပွဲမှာ အခုလုပ် ခဲ့သလို သတင်းထောက်တွေနဲ့ ငါးမိနစ် လောက်သာ အမေးအဖြေ လုပ်မယ့်အစား လူအများက မျှော်လင့်နေကြသလို ဒီထက်အသေးစိတ် ပြောပြတာမျိုး ဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ အချက် ၄ ချက်ကို ဖော်ပြ ထားပြီး၊ နှစ်ဦးနှစ်ဘက် အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့၊ ပဋိပက္ခ အသွင်ဆောင်တဲ့ အမြင် သဘောထား တွေကို ရှောင်ရှားပြီး အပြန်အလှန် ကူညီတဲ့ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်အတွက် ဦးတည် ဆောင်ရွက်သွားဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ဆိုတဲ့ အချက်တွေကို ထည့်သွင်း ဖော်ပြ ထားပါတယ်။