အစိုးရ သတင်းစာရှင်းလင်းပွဲ အပေါ် သဘောထား

  • 13 ဩဂုတ် 2011
win_tin
Image caption ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်

သောကြာနေ့ က ကျင်းပတဲ့ အစိုးရ သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ကြားရေး ဝန်ကြီးဌာန မှ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပတ်သက်ပြီး ရှင်းပြရာမှာ အမျိုးသား ပြန်လည် ညီညွတ်ရေး ကို ရှေ့ရှူတဲ့ အနေနဲ့ ဉပဒေ အရ ရပ်တည်ခွင့် မရှိတော့တဲ့ NLD ပါတီရဲ့ အရေးကိစ္စ ကို သိမ်မွေ့စွာ ကိုင်တွယ်ပြီး လက်တွဲဆောင်ရွက်ရမယ့် လမ်းတွေ ဖွင့်ပေးထားကြောင်း၊ ပြောသွားပါတယ်။

ဒီအချက်ကို NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် က သိမ်မွေ့စွာ ကိုင်တွယ်မယ်၊ ပါတီ မှတ်ပုံတင်ခွင့် ပေးမယ် ဆိုတဲ့ အချက်တွေဟာ လက်တွေ့မှာ မရှင်းသလို၊ ခြိမ်းခြောက်တယ် လို့လဲ မယူဆ၊ ခြိမ်းခြောက်မှု ကိုလဲ တလျှောက်လုံး ခံနေရတော့၊ ဂရုမစိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

NLD အနေနဲ့ ၂ဝဝဂ ခု ဖွဲ့စည်းပုံ အခြေခံဉပဒေ ကို လက်မခံနိုင်လို့ ရွေးကောက်ပွဲ ဝင်ရေး လက်မခံခဲ့ တဲ့ အကြောင်း၊ အခုလဲပဲ နိုင်ငံကြီးတခုလုံး ကို ၂ဝဝဂ ခု အခြေခံ ဉပဒေ နဲ့ လွှမ်းမိုးထားလို့ အမျိုးသားပြန်လည်ညီညွတ်ရေး လမ်းကြောင်းဆီ သွားရေး လမ်းမမြင်သေး၊ ဒါပေမဲ့ လမ်းဆုံးလို့ လဲ မယူဆကြောင်း ဦးဝင်းတင် က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့နေလေတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိမ္မာ ပါးနပ်မှု၊ လိမ္မာ ကျွမ်းကျင်မှု တို့ ကြောင့် နည်းလမ်းတခုတော့ ရှာဖွေနိုင်မယ့် အကြောင်း ဦးဝင်းတင်က ရှင်းပြပါတယ်။