နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2011 - 18:30 GMT

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံရေးခရီး

မီဒီယာ ပလေးယား

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်လာပြီးကတည်းက ပထမဆုံး နိုင်ငံရေး စည်းရုံးရေး ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးနဲ့ သနပ်ပင် မြို့တွေကို သွားရောက်ပြီး စာဖတ်ခန်းတွေ ဖွင့်၊ လူထုကို တွေ့ဆုံ စကားပြောခဲ့ပါတယ်။

အာဏာပိုင်တွေဖက်က ကားနဲ့ သွားရာ လမ်းတလျှောက် လမ်းရှင်းပေးခဲ့ပြီး၊ လာရောက်တဲ့ လူထုကို ဟန့်တား နှောင့်ယှက်တာတွေလည်း မလုပ်ခဲ့တဲ့ အတွက်လည်း အာဏာပိုင်တွေ ရဲ့ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။