မြန်မာ့ရေတပ် မြေသိမ်း

  • 16 ဩဂုတ် 2011
rubberplantation
Image caption ရာဘာ ခြံများ

မြန်မာ့ ရေတပ်မတော် က စစ်လေ့ကျင့်ရေး ကွင်း၊ သင်တန်းကျောင်းနဲ့ စစ်တန်းလျား များ တည်ဆောက် ရန် အကြောင်းပြချက် နဲ့ ရေဖြူမြို့နယ်တွင်း က ဒေသခံတွေရဲ့ မြေဧကပေါင်း ၄ဝဝဝ ခန့် ကို လျှော်ကြေးငွေ ပေးဆောင်ခြင်း မရှိပဲ သိမ်းဆည်းကြောင်း မွန်ပြည် လူ့အခွင့် အရေး ဖေါင်ဒေးရှင်း HURFOM က ဘီဘီစီ ကိုပြောပါတယ်။

အစိုးရသစ် တက်လာပေမယ့် စစ်တပ်က မြေယာသိမ်းမှုတွေ ရှိနေသေးကြောင်း၊ ရေဖြူမြို့နယ် ကျွဲသုံးညီမ ကျွန်းပေါ်ရှိ ရာဘာ ခြံပိုင်ရှင် အိမ်ထောင်စုပေါင်း ၂၄ဝ ခန့်ရဲ့ မြေဧက ၁ဝဝဝ ကို နယ်မြေခံ ရေတပ် က ၂ဝ၁ဝ ခု နှစ်ကတဲက စတင် သိမ်းဆည်းခဲ့တါပါ။

မြေသိမ်းခံရသူ များ အနေနဲ့ ဘယ်သူ့ကိုတိုင်ကြားရမှန်းလဲ မသိ၊ ဘိုးဘွား ပိုင်မြေ ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ရာ မြေသိမ်းခံ ရသူ များဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်နဲ့ ထိုင်းနိုင်ငံဖက် ကို ထွက်ခွာလာ ကြတဲ့ ခြံရှင်နဲ့ ဒေသခံ ၆ဝ ကို မေးမြန်းပြီး အစီရင်ခံစာ ထုတ်ပုံကို မွန်ပြည်နယ် လူ့အခွင့်အရေး ဖေါင်ဒေးရှင်း မှ ညှိနှိုင်းဆောင်ရွက်ရေးမှူး နိုင်ဦးမွန် က ဘီဘီစီ ကို ပြောပြပါတယ်။