စီးပွားရေးဆွေးနွေးပွဲ ဒေါ်စုကို ဖိတ်ကြား

  • 18 ဩဂုတ် 2011
DASSK ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသစ် လက်ထက် ဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့ပြီး

နေပြည်တော်မှာ သောကြာနေ့ ကစလို့ ၃ ရက်ကြာ ကျင်းပမယ့် နိုင်ငံတော်ရဲ့ စီးပွားရေး ဆိုင်ရာ အပြောင်း အလဲ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို လည်း ဖိတ်ကြား ထားကြောင်း NLD ဘက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျင်းပရေး ကော်မ တီ ကနေ ဖိတ်ကြားတာ ဖြစ်ကြောင်း၊ ဒါပေ မယ့် တက်မယ် မတက်ဘူးဆိုတာ မသိရသေးကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံအတွက် အရေးကြီးတဲ့ အစည်း အဝေးတွေကို NLD ကိုပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်း စုကြည်ကိုပဲ ဖြစ်ဖြစ် ဖိတ်ကြား တာဟာ ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ဒါပေမယ့် အခု အစည်း အဝေးက ဘယ်လောက်ထိ အရေးကြီး သလဲဆိုတာ မသိရသေး ကြောင်း သူက ပြောပါတယ်။

ဒီအစည်းအဝေး တက်ဖို့အတွက် တခြားနိုင်ငံရေး ပါတီတွေလည်း ဖိတ်ကြားထားပြီး ပါတီတစ်ခုကို ၃ ဦးနှုန်း တက်ရောက်ခွင့် ရှိတယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာတော့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာစျေး ကျတာ အပါအဝင် အခြား အကြောင်း တွေကြောင့် အခက်အခဲ တွေနဲ့ ကြုံနေရတယ်လို့ ပြောသွားပါတယ်။