သမ္မတ ကမ်းလှမ်းချက် ဒုက္ခသည်အမြင်

  • 19 ဩဂုတ် 2011
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း

နိုင်ငံတော်အစိုးရရဲ့ ကမ်းလှမ်းချက်အရ ပြည်ပကို ရောက်နေကြတဲ့ မြန်မာ လူမျိုးတွေ ပြည်တော်ပြန်ဖို့ ကိစ္စမှာ ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည် တွေရဲ့အမြင်ကို မေးကြည့်ပါတယ်။

ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်း တွေမှာနေထိုင်ကြတဲ့ သူတွေအထဲမှာ စစ်ပြေး ဒုက္ခသည် တွေ ပြည်တွင်းမှာ နိုင်ငံရေး လှုပ်ရှားပြီး တိမ်းရှောင်လာတဲ့ သူတွေနဲ့ လူ့အခွင့်အရေး အတွက်လှုပ် ရှားတာကြောင့်အစိုးရက လိုက်ဖမ်းလို့တိမ်းရှောင် လာတဲ့သူတွေဆိုပြီး၃ မျိုးတွေ့ရပါတယ်။

လက်ရှိဒုက္ခသည် စခန်းမှာခိုလှုံနေထိုင်တဲ့ လူ့အခွင့်အရေး လှုပ်ရှားလို့ တိမ်းရှောင်လာတဲ့သူ တယောက်က ပြည်ပကို ရောက်နေတဲ့ သူတွေပြန်လာနိုင်တယ်ဆိုတဲ့ သမ္မတရဲ့ ပြောဆိုမှုဟာ ထောင်ချောက်တခုလို့ ယူဆမိကြောင်း ဘီဘီစီကိုပြောပါတယ်။

နိုင်ငံရေးလှုပ်ရှား တဲ့အတွက်အစိုးရက လိုက်ဖမ်းလို့တိမ်းရှောင် လာတဲ့အမျိုးသမီး တယောက်က အစိုးရက တိုင်းပြည်ကိုပြန်ဖို့ ဖိတ်ခေါ်တာကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။

ဒုက္ခသည် အရေးဆောင် ရွက်နေတဲ့ မဲလဒုက္ခသည်စခန်း အတွင်းရေးမှူး စောအယ်ကလာက ဒုက္ခသည်တွေ ပြည်တော်ပြန်ရေး သိပ်မလွယ်ဘူးလို့ပြောပါတယ်။ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ဖို့ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ အရင်လွှတ်ပေးပြီး တော့ ပြည်တွင်းစစ် ရပ်စဲအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်သဘော တူညီချက်ရပြီးနောက်မှာ အစိုးရက တရားဝင် လွတ်ငြိမ်းချမ်းသာ ခွင့်အနေနဲ့ ကြေညာမှာ သာလက်ခံ နိုင်ဖွယ်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။