နိုင်ငံ့စီးပွား ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ဒေါ်စု တက်ရောက်

  • 20 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဆွေးနွေးပွဲဟာ အလွန်တရာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဒေါ်စုက ပြောပါတယ်

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ပြုလုပ်နေတဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုက်တက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကို ဒီကနေ့ တက်ရောက်ခဲ့ပါတယ်။

၁ နာရီကြာ တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီအလုပ်ရုံ ဆွေးနွေးပွဲဟာ အလွန် တရာ စိတ်ဝင်စားစရာကောင်းတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

နောက်ပြီး မနေ့က သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး အားရကျေနပ်မှု ရှိတယ် လို့လည်း ပြောပါတယ်။

သမ္မတအိမ်တော်မှာ တွေ့ဆုံချိန်က အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ ချိတ်ထားတဲ့ အရှေ့မှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ဓာတ်ပုံ တွဲရိုက်ခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်ကတော့ ဒီခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ အဓိကဖြစ်ကြောင်းနဲ့ ဆွေးနွေးပွဲ တက်တာကတော့ တာဝန်ရှိသူ တချို့နဲ့ တွေ့ဆုံဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုတော့ တနင်္လာနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CEC အစည်းအဝေး အပြီးမှာ ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးခွန်သာမြင့်က ပြောပါတယ်။