လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

  • 21 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရသစ်ရဲ့ ဖိတ်ကြားချက်နဲ့ မစ္စတာ ကင်တားနား ရောက်ရှိလာတာ ဖြစ်ပါတယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ မြန်မာအစိုးရ သစ်ရဲ့ ဖိတ်ကြားချက်အရ ၁ နှစ်ခွဲ ကာလ အကြာမှာ မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိ လာပါတယ်။

အခုလို ဖိတ်ကြားချက်ဟာ မြန်မာအစိုးရသစ် အနေနဲ့ သဘောထား ပျော့ပျောင်း လာနေတယ် ဆိုတာကို ဖေါ်ပြတဲ့ နောက်ထပ် လက္ခဏာတခု အဖြစ် တွေ့မြင်ရပါတယ်။

မြန်မာအာဏာပိုင်တွေဟာ မစ္စတာကင်တာနားကို အရင်အချိန်တွေတုံးက ပြည်ဝင်ခွင့်ဗီဇာ အကြိမ်ကြိမ် ပယ်ချခဲ့ဘူးပါတယ်။

အခုတခေါက်မှာတော့ မစ္စတာကင်တားနားဟာ မြန်မာအစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတဦးသိန်းစိန်း အစိုးရသစ်ဟာ အတိုက်အခံတွေ၊ လူမျိုးစုသူပုန်တွေနဲ့ စတင် စကားပြော လာနေပြီ ဆိုတာကို ဖေါ်ပြနေပါတယ်။

သောကြာနေ့ကလည်း မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစကားပြောခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှု ရှိတယ်လို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။