ဒေါ်စု ဦးသိန်းစိန် တွေ့ဆုံမှု NLD စာထုတ်

  • 22 ဩဂုတ် 2011
Daw Suu ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်စုနဲ့ ဦးသိန်းစိန် ပြီးခဲ့တဲ့ အပတ်က နေပြည် တော်မှာ တွေ့ဆုံခဲ့

ပြီးခဲ့တဲ့ အပတ်က သမ္မတသစ် ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့မှုကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှု ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖော်ပြ ထားပါတယ်။

နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ အစိုးရရဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တခုကိုလည်း ဒေါ်စု တက်ရောက် နားထောင်ခဲ့ပြီး ဖတ်ကြားတဲ့ စာတမ်းတွေကို စိတ်ဝင်စားတယ်လို့ ဒီချုပ် ကြေညာချက်က ဆိုပါတယ်။

နှစ်ယောက် တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ နိုင်ငံနဲ့ ပြည်သူ အတွက် အမှန် တကယ် အကျိုးရှိစေမယ့် ဘုံအကျိုးတူ ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ပွင့်လင်းစွာ ဆွေးနွေး ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ တာဝန်ခံ ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန် အပြင် အစိုးရ အဖွဲ့ဝင် တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

နေပြည်တော်က တွေ့ဆုံမှုမှာ အသေးစိတ် ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာ ခုချိန်မှာ ထုတ်ပြန် စရာ မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် နောက်တကြိမ် ထပ်တွေ့ဖို့ လောလောဆယ် စီစဉ် ထားခြင်း မရှိသေးမယ့် လိုအပ်ရင် တွေ့ဆုံစရာ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။