လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်သူကို ထောင်ဆယ်နှစ်ချ

  • 27 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် mizzima
Image caption လူမှုရေး ပရဟိတ လုပ်ကိုင်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်

စစ်တပ် အရာရှိဟောင်း တဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်ကို အင်းစိန် အထူးတရားရုံးက အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ(၃၃-က)နဲ့ ထောင်၁ဝနှစ် ချမှတ် လိုက်ပါတယ်။

ဒီကိစ္စအပေါ် မိသားစုဝင် တွေကတော့ မကျေမနပ် ဖြစ်နေကြပြီး အကျိုးဆောင်ရှေနေ ကတော့ ဒီစီရင်ချက်ဟာ ဥပဒေနဲ့ ညီညွတ်တာ တခုမှ မရှိဘူးလို့ ပြောပါတယ်။

အင်းစိန်ထောင် အထူးတရားရုံး တရားသူကြီး ဦးခင်မောင်က ထောင်(၁ဝ)နှစ်အမိန်ချ လိုက်တာနဲ့ပါတ်သက်ပြီး အေချမ်းစွာ နေထိုင်တဲ့ မိသားစုကို စိတ်ထိခိုက်အောင် ဖြိုခွဲလိုက်တာလို့ ဗိုလ်ကြီး နေမျိုးဇင်ရဲ့ ညီဖြစ်သူ ကိုခင်မောင်ထွေးက ပြောပါတယ်။

အမှု စတင် ပေါ်ပေါက်ပုံနဲ့ ဖမ်းဆီးပစ္စည်း သိမ်းဆည်းမှုတွေ စလုပ်ထဲက ဥပဒေနဲ့ ညီညွတ်တာ မရှိခဲ့ဘူး သက်သေခံ တင်ပြနိုင်တာလည်း မရှိတဲ့ အကြောင်း ရှေ့နေကြီး ဦးလှမျိုးမြင့်ကလည်း ပြောပါတယ်။

ဗိုလ်ကြီးနေမျိုးဇင် ကတော့ အယူခံ မ၀င်ဘူးလို့ ပြောပေမဲ့ ဥပဒေအရ လုပ်သင့်တာကိုဆက်လုပ်ရမယ် အယူခံတင်မယ်လို့ ရှေ့နေက ပြောပါတယ်။

ဗိုလ်ကြီး နေမျိုးဇင်ဟာ အန်အယ်ဒီ သွေး အကူအညီ ပေးရေးမှာ ပါ၀င် ကူညီ ဆောင်ရွက်ခဲ့သလို ရေဘေး ဒုက္ခသယ်တွေကို ကူညီပေးခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ရဲထောက်လှမ်းရေးက ခေါ်ယူ ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မနဲ့တရားစွဲထောင်ချခံရတာ ဖြစ်ပါတယ်။