မန္တလေးတဝိုက် မိုးများလို့ ရေကြီး

  • 27 ဩဂုတ် 2011
မန္တလေးမှာ အရင်နှစ်က ရေကြီးတဲ့မြင်ကွင်း
Image caption မန္တလေးမှာ အရင်နှစ်က ရေကြီးတဲ့မြင်ကွင်း

မန္တလေး မြို့ပေါ်မှာ မိုးရွာပြီး ရေကြီးတဲ့ အတွက် ပြည်ကြီးတံခွန် အောင်မြေ သာစံနဲ့ ကားကြီးကွင်း တွေဘက်မှာ ရေမြုပ် နေဆဲလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

အခုအခါလူအများအပြားဟာ ကုန်းမြင့်တွေကို ရွှေ့ပြောင်း နေထိုင်နေရပါတယ်။

ဒါ့အပြင် စဉ့်ကူး မတ္တရာကားလမ်း တရော်ပင် များတောင်ကျရေများလို့ ကားတွေမဖြတ်နိုင်ဘဲ တဘက်မှာ အစီး၇၀ကျော်နဲ့ အစီးပေါင်းတရာကျော်လောက်ပိတ်မိနေလို့ ခရီးသည်တွေ ဒုက္ခရောက်နေကြတယ်လို့ မတ္တရာဒေသခံကပြောပြပါတယ်။

လူအများအပြား ဘုန်းကြီးကျောင်းလို ရေလွတ်တဲ့နေရာမှာ ရွက်ဖျဉ်ထိုးနေကြရပြီး လူမှုကူညီစောင့်ရှောက်တဲ့အဖွဲ့တွေက ထမင်းထုပ်ဝေပေးနေရပါတယ်။

မြန်မာနိုင်ငံတဝှမ်း ရေကြီးမှုတွေအနက် ရန်ကုန်မန္တလေးလမ်း တောင်ကျရေကြောင့် ရေကျော်မှုတွေ ဖြစ်ပြီး အင်းလေးကန်တဝိုက်မှာလည်း မိုးများလို့ ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။