လွှတ်တော်မှာ သတင်းယူလို့ရ ပေမယ့် ဖော်ပြလို့ မရ

  • 28 ဩဂုတ် 2011
Parliament ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလီမန်မှာ သတင်း ယူခွင့် အပြည့် ရပေမယ့် ဖော်ပြခွင့် တော့မရ

မြန်မာ နိုင်ငံ ရဲ့ လွှတ်တော် ဒုတိယ အကြိမ် ပုံမှန် အစည်းဝေး တွေမှာ သတင်းထောက် တွေ လွတ်လွတ် လပ်လပ် သတင်း ယူ ခွင့် ရနေတယ် လို့ မြန်မာ ဂျာနယ် အယ်ဒီတာ တဦး ဖြစ်တဲ့ ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

ညီလာခံ ခန်းမထဲမှာ ပြောဆို ဆွေးနွေး နေတာတွေကို ရုပ်မြင် သံကြားကနေ တဆင့် သတင်းထောက်တွေကို တိုက်ရိုက် ထုတ်လွှင့် ပြသပေးတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း ဂျာနယ် တွေမှာ ဖော်ပြဖို့ စာပေ စိစစ်ရေး ကို တင်ပြတဲ့ အခါမှာတော့ မူဝါဒ တွေက အစိုးရ အပေါ် ဝေဖန် တာမျိုး ဆိုရင် ဖြတ်တောက် ပစ်ပြီး အရင် အစိုးရ လက်ထက် တုန်းကလို ဘဲ မပြောင်း လဲ သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရ သတင်းစာ တွေမှာလည်း လွှတ်တော် တွင်းက ဆွေးနွေးချက် တွေကို အကျဉ်း လောက်သာ ဖော်ပြ ထားပြီး တချို့ နေရာတွေမှာ တကယ့်အဖြစ် မှန်ကို မထင်ဟပ်ဘဲ ဘာမေးလို့ ဘာဖြေလိုက်တယ်ဆိုတာ မသိလိုက်ရဘူး လို့ ဦးစည်သူအောင်မြင့် ကပြောပါတယ်။