မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြ

  • 29 ဩဂုတ် 2011
_burma_parliament ဓာတ်ပုံ မူပိုင် afp
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB Federation of Trade Unions-Burma က လက်ရှိကျင်းပ နေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဟာ ပြည်သူလူထု ရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ကြဉ်း ပေးနိုင်ခြင်း မရှိလို့ ဆိုပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ငွေစါရင်း ကော်မတီ အတွင်းရေးမှူးမှ ၂ဝ၁ဝ ၂ဝ၁၂ နိုင်ငံတော် ရသုံးမှန်းခြေ စါရင်း တင်ပြရာမှာ ဘတ်ဂျက်လိုငွေ ပြမှု ကျပ်ငွေ ဘီလီယံ ၂ဝဝဝ ကျော် ရှိနေကြောင်း တင်ပြသွားတာကို FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် က ဘီဘီစီ ကို ထောက်ပြ တါပါ။

မြန်မာ အစိုးရ အနေနဲ့ ဓါတ်ငွေ့ လောင်စာမှ ရရှိတဲ့ ဝင်ငွေ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တို့မှ အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝ ရှိတဲ့ အကြောင်း၊ ပြီးခဲ့တဲ့ ဇန္နဝါရီလ အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးရေး တိုးတက်မှု ဝန်ကြီးဌာန က ကြေငြာခဲ့ပုံ၊ တရုတ် အစိုးရ ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ အပြင်၊ နောက်ထပ် ယူရို မီလီယံ ၅၄ဝ ချေးယူ ငွေတွေ ကို ဘယ်နေရာမှာ သုံးစွဲကြောင်း၊ နိုင်ငံကို အသိမပေးတဲ့ အတွက်၊ ပြည်သူလူထု ရဲ့ အကျိုးစီးပွား ကို ဦးစားမပေး ပုံကို ဦးမောင်မောင်က ပြောပြ ပါတယ်။