ကချင်ပြည်နယ် ဝန်ကြီးချုပ် ရှင်းလင်းပွဲ

  • 30 ဩဂုတ် 2011
_kachin_refugees_
Image caption ကချင်စစ်ပြေး ဒုက္ခသည်များ

ကချင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ရှိရေး အတွက် ပြည်နယ်အစိုးရ ရဲ့ ဆောင်ရွက်ချက် တွေကို ပြည်သူလူထု သိအောင် ရှင်းလင်း တင်ပြ တဲ့ အခမ်းအနား ကို သြဂုတ်လ ၂၇ ရက်နေ့ က မြစ်ကြီးနား မြို့မှာ ကျင်းပ ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြည်နယ် အတွင်းရှိ ဌာန အသီးသီး က အရာရှိတွေ၊ ကချင်အတိုင်ပင်ခံ အဖွဲ့နဲ့ ရပ်မိရပ်ဖ တွေ အပြင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေနဲ့ ဘာသာရေး အသင်းအဖွဲ့ တွေပါ ဖိတ်ကြား ခဲ့တါပါ။

အဆိုပါ ရှင်းလင်းပွဲ ကို တက်ရောက်ခဲ့ တဲ့ ခရစ်ယန် အသင်းတော် က ကိုယ်စားလှယ် ဦးခေါင်ဇောင်း က ပြည်နယ် အာဏာပိုင်တွေ အနေနဲ့ နယ်မြေ လုံခြုံရေး အရ ထွက်ပြေး တိမ်းရှောင်သူ တွေကို စောင့်ရှောက် ထား သလို တပ်မတော်ဖက် က တိုက်ခိုက်တာ မရှိဘူး လို့ ပြောကြားတာ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ကေအိုင်အေ နဲ့ အစိုးရပိုင်း ဆွေးနွေးတာ ကိုလဲ ပြည်နယ် ကာကွယ်ရေး ဝန်ကြီးက ဦးဆောင်ပြီး ဆွေးနွေးတယ် လို့ ရှင်းပြသလို ငြိမ်းချမ်းရေး စာချုပ် ချုပ်မဲ့ အနေအထား ရောက်ပြီ လို့ ပြောတာ ကိုလဲ ဦးခေါင်ဇောင်း က ဘီဘီစီ ကို ပြောပြပါတယ်။