မြစ်ဆုံရေကာတာ စီမံကိန်း ထပ်မံ ကန့်ကွက်

  • 1 စက်တင်ဘာ 2011
_myitsone_dam
Image caption မြစ်ဆုံ ရေကာတာ ဆက်လက်ဆောက်နေ

မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည် မဖေါ်ဖို့ အဖွဲ့အစည်း အသီးသီးက ကန့်ကွက် နေကြ ပေမယ့် ကန်ထရိုက် ရထား တဲ့ ကုမ္ပဏီ SINOHYDRO CORPORATION က ပြီးခဲ့တဲ့ ဇူလိုင်လ နဲ့ သြဂုတ်လ အတွင်းမှာ အလုပ်သမား ၇ဝဝ နဲ့ နေ့ရော ညပါ ဆောက်လုပ်ရေး လုပ်ငန်း ကို လုပ်ဆောင် နေပါတယ်။

အဲဒီအတွက် ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့က မြစ်ဆုံဆည် မဆောက်ဖို့ ထပ်မံကန့်ကွက် လိုက်တာပါ။ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားက စီမံကိန်း ကို အကောင်အထည် ဖေါ်နေသလို မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အိတ်ဖွင့်ပေးစာ ပေးပို့ယင်း မြစ်ဆုံဆည် စီမံကိန်း ဟာ ပြည်သူတွေ အတွက် အကျိုးထက် အပြစ်များ နိုင်တဲ့ အကြောင်း အသိပေးခဲ့ ပုံ ကို ကချင်ဖွံ့ဖြိုးရေး အဖွဲ့ က ဘီဘီစီ ကို ပြောပြ ပါတယ်။

မြစ်ဆုံ အနီးမှာ ရွှေတူးမှု လဲရှိနေလို့ ရွှေတူးရာမှာ အသုံးပြုတဲ့ ပြဒါး တွေကို တခြား အညစ်အကြေး တွေနဲ့ မြစ်ထဲ သွန်ပစ်ရာ က အရည်မပျော်လွယ်တဲ့ ပြဒါး ဟာ မြစ်ရေကို ညစ်ညမ်း အန္တရာယ် ဖြစ်စေပုံ ကိုလဲ ကချင် ဖွံ့ဖြိုးရေး အဖွဲ့ က ရှင်းပြပါတယ်။