ရန်ကုန်မြို့ မြို့ပတ်ရထား လမ်းချော် တိမ်းမှောက်

  • 1 စက်တင်ဘာ 2011
Image caption အမျိုးသမီးတဦးနဲ့ အမျိုးသား သုံးဦး ဒဏ်ရာ ရရှိသွားပါတယ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဘူတာအနီး မိုင်တိုင် ၅/၅၆ ကြား မှာ မြို့ပတ်မီးရထားတစီး လမ်းချော် တိမ်းမှောက် သွားခဲ့ရာ ခရီးသည် (၄) ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံကြီးကို အရေးပေါ် တင်လိုက်ရပါတယ်။

မြို့ပတ် ဒီဇယ်မီးရထား စက်ခေါင်းအမှတ် LPG-H 915 ဟာ ကြာသပတေးနေ့ မွန်လွဲပိုင်း ၁ နာရီ ၅၅ မိနစ် အချိန်မှာ ကမာရွတ်နဲ့ လှည်းတန်းဘူတာ အကြား လမ်းချော် တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို ရထားလမ်းချော်သွားတာနဲ့ ပါတ်သက်လို့ ဟုတ်မှန်ကြောင်း ကမာရွတ် ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

မိုးအရမ်း ရွာနေတာကြောင့် အရင်က အမာခံလုပ်ထားတဲ့ ရထားလမ်းနေရာတွေဟာ ပျော့လာပြီး လမ်းတဖက်နိမ့်ကျသွားကာ ရထား လမ်းချော်သွားတာ ဖြစ်ကြောင်း မျက်မြင် တွေ့ရှိသူ ခရီးသွားတဦးက ဘီဘီစီကို ပြောပါတယ်။

တိမ်းစောင်းသွားတဲ့ မီးရထားကို အရေးပေါ်ကရိန်းနဲ့ မယူပြီး လမ်းတွေ ပြန်ပြုပြင်နေကာ ခရီးသွားတွေ ကြန့်ကြာမှု မဖြစ်ရအောင် ဆောင်ရွက်နေပြီလို့ လှည်းတန်း ဘူတာရုံပိုင်က ဘီဘီစီကို ပြောပါတယ်။