ဘုရားရှိခိုးကျောင်းဝင်းပါ မကျန် မြေမြှုပ်မိုင်းထောင်

  • 5 စက်တင်ဘာ 2011
kachin_mine ဓာတ်ပုံ မူပိုင် burmese
Image caption ကဇူးရွာ က ခရစ်ယာန် ဘုရားရှိခိုးကျောင်း သွားရာ ကို စစ်တပ် က ပိတ်ဆို့ထား

ဗန်းမော် မြစ်ကြီးနား လမ်း ဘေး က ရွာတွေ မှာ ရွာထဲက ခရစ်ယာန် ဘုရားရှိခိုး ကျောင်း ဝင်း နဲ့ ရွာနေရာ အနှံအပြား မှာ အစိုးရ စစ်တပ် က မြေမြှုပ်မိုင်း တွေ ထောင် ထား တဲ့ အတွက် ရွာသူရွာသား တွေ အခက်အခဲ အများအပြား ကြုံနေ ရပါတယ်။

အဲဒီ ကားလမ်းဘေး ကဇူးရွာ နဲ့ တဘတ် ရွာ တွေ မှာ အခုလို အစိုးရ စစ်တပ် က မိုင်း ထောင်ထား တာဖြစ်ပြီး မိုင်းထောင် ထားတဲ့ အခြား နေရာ တွေထဲ စာသင် ကျောင်း ဝင်း နေရာ၊ ရွာ အဝင်အထွက် လမ်းတွေ နဲ့ တောင် ယာ သွားတဲ့ လမ်းတွေမှာ ပါ ထောင်ထား ကြတဲ့ အကြောင်း ဒေသခံတွေ က ဘီဘီစီ ကို ပြောပါတယ်။

ရွာပြင် ရောက်နေသူတွေကို ရွာထဲ ပြန်ဝင်ခွင့် မပေးတာ၊ ရွာထဲက သူတွေ ကို ရွာပြင် ထွက်ခွင့် မပေးတာ စတာ တွေ ကို လည်း အစိုးရ စစ်တပ် က ကန့်သတ် ထား ပါတယ်။

ဒါ့အပြင် စစ်သားတွေက ရွာထဲ ကအိမ်တွေ မှာ ဆန်ယူ၊ ရိက္ခာ တက်ဆွဲ လုပ်နေ ကြတဲ့ အတွက် ဒေသခံတွေ ရဲ့ ရိက္ခာ ပိုင်း ကို ပါ စိုးရိမ် နေရ ပြီ လို့ ဒေသခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

ရွာသားတွေ က ဒီမိုင်း တွေ ထောင်ထားတဲ့ ကိစ္စ ကို ဘာအတွက်ကြောင့်လဲ လို့ မေးဖို့ ရွာတွင်း က စစ်တပ် အခြေချ ထားရာ နေရာ ကို သွားရောက် ရင်လည်း သူတို့ က သေနတ် ဖောက်ပြီး ခြိမ်းခြောက် တဲ့ အတွက် ရွာသား တွေ မသွားရဲ ကြပါဘူး။

အခုလို ဖြစ်ပျက် နေတာ ဟာ သြဂုတ် လ ဆန်း ပိုင်း ကတည်း က ဖြစ်ပြီး သြဂုတ် လ ၂၆ ရက်နေ့ မှာ တော့ ရွာသား တွေဟာ ကဇူးနှစ်ချင်း ခရစ်ယာန် အသင်းတော် က တဆင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဆီ ကို အကူအညီ တောင်းခံလွှာ ရေးတင် ခဲ့ကြ ပါတယ်။

ဒါပေမယ့် အခုအချိန် ထိ အကြောင်း ပြန်ကြားချက် ဘာမှ မရရှိ ခဲ့ပါဘူး။

အခု ရွာ ၂ ရွာ မှာ တပ်စခန်းချ ပြီး မိုင်းထောင်ထားတဲ့ အစိုးရ စစ်တပ် တပ်ရင်း တွေ က ခလရ ၅၈ နဲ့ ခလရ ၃၁၈ ဖြစ်ကြောင်း လည်း သိရ ပါတယ်။