နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 17:02 GMT

တိုင်းရင်းသားစာပေ ကျောင်းမှာ သင်ကြား နိုင်တော့မလား

burma parliament

မြန်မာနိုင်ငံမှာ မြန်မာ ဘာသာ တခုတည်း သာ ရုံးသုံး ဘာသာ အဖြစ် သတ်မှတ်ထား

အမျိုးသား လွှတ်တော်မှာ ပုဂ္ဂလိက ကျောင်းတွေ ဖွင့်နိုင်ခွင့် ဥပဒေမူကြမ်း တခု ကို ဗုဒ္ဓဟူးနေ့ က အတည်ပြုလိုက်ပြီး အဲဒီ ကျောင်းတွေမှာ အစိုးရ က ပြဌာန်းထားတဲ့ သင်ခန်းစာ တွေ အပြင် ဖြည့်စွက် ဘာသာ ရပ် တွေ လည်း သင်ကြားနိုင်တယ် လို့ ခွင့်ပြုထားတဲ့ အတွက် တိုင်းရင်းသား ဘာသာ စကားနဲ့ စာပေ တွေ ကျောင်းမှာ တရားဝင် သင်ကြား နိုင်တော့ မလား ဆိုတဲ့ မျှော်လင့်ချက် တွေ ပေါ်ထွက် နေပါတယ်။

အခု ဥပဒေမူကြမ်း မှာ ပုဂ္ဂလိကပိုင်း က ထောင်တဲ့ ကျောင်းတွေ အနေနဲ့ အစိုးရ က ကျောင်း သင်ခန်းစာ အဖြစ် ပြဌာန်းထား တဲ့ ဘာသာရပ်များ ကို မသင်မနေရ သင်ကြား ရမှာ ဖြစ်ပြီး ဖြည့်စွက် ဘာသာရပ် တွေ ကိုလည်း သင်ကြားနိုင်တယ် လို့ ခွင့်ပြုထား ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဦးဖုန်းမြင့် အောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် အခု ဥပဒေ အရ တိုင်းရင်းသား ဘာသာ သင်ကြား ပို့ချ လိုတဲ့ ပုဂ္ဂလိက ကျောင်း တွေ အနေနဲ့ ဖြည့်စွက် ဘာသာရပ် တခု အဖြစ် ထည့်သွင်း သင်ကြား နိုင်မှာ ဖြစ် ကြောင်း သူ က ရှင်းပြ ပါတယ်။

အခု ဥပဒေ မူကြမ်း ကို အမျိုးသား လွှတ်တော် က သာ အတည်ပြုထားသေးတဲ့ အဆင့် မှာ ရှိပြီး ပြည်သူ့ လွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော် တွေ က အတည်ပြု ဖို့ လိုအပ် နေပါ သေးတယ်။

မြန်မာနိုင်ငံ မှာ တိုင်းရင်းသား လူမျိုးများစွာ ရှိပေမဲ့ မြန်မာ ဘာသာ နဲ့ စာပေ က လွဲလို့ တိုင်းရင်းသား ဘာသာ စကား နဲ့ စာပေ သင်ကြားမှု ဟာ လွတ်လပ်ခွင့် မရှိ တာ ဟာ နှစ်ပေါင်း များစွာ ကြာမြင့် နေခဲ့တာပါ။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။