US ကိုယ်စားလှယ် မြန်မာ အစိုးရ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးမယ်

  • 8 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် state dept
Image caption Derek Mitchell က မြန်မာ့ အရေး ချဉ်းကပ်ရာမှာ ညင်သာရမယ်လို့ ပြော

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell ဟာ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အတွက် အမေရိကန် ကနေ ဗုဒ္ဓဟူးနေ့က ထွက်ခွာ သွားပြီလို့ အမေရိကန် အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးနဲ့ မြန်မာ ပြည်သူတွေ ဖွံဖြိုး တိုးတက်ရေး အတွက် ရည်ရွယ် လုပ်ဆောင်တဲ့ အမေရိကန်နဲ့ မြန်မာ အစိုးရကြား တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ထွန်းလာစေဖို့ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ပွင့်လင်း မြင်သာတဲ့ ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်မှာ ဖြစ်ပေမယ့် အမေရိကန် အစိုးရရဲ့ ချဉ်းကပ်ပုံဟာ ပျော့ပြောင်း ညင်သာမှု ရှိသင့်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဆီးနိတ် လွှတ်တော် ကြားနာမှုမှာ မစ္စတာ မစ်ချဲလ်က ပြောသွားခဲ့ပါတယ်။

စက်တင်ဘာ ၉ရက်နဲ့ ၁ဝ ရက်နေ့မှာ မစ္စတာ မစ်ချဲဟာ နေပြည်တော်ကို သွားမှာဖြစ်ပြီး အဲဒီနောက် ရန်ကုန်မှာ လေးရက်ကြာ နေပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မယ်လို့ အေအက်ဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။