မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့ အမတ်တွေ အဆိုတင်မှာလား

  • 10 စက်တင်ဘာ 2011
myit sone ဓာတ်ပုံ မူပိုင် burmese
Image caption မြစ်ဆုံ ရေကာတာ စီမံကိန်း စ နေပြီးအဲဒီ အရပ်မှာ ရွှေ တွေလည်း တူးဆွ ဖော်ထုတ် နေကြ

မြစ်ဆုံရေကာတာ စီမံကိန်း အပေါ် စိုးရိမ်မှု တွေ ကြီးမားစွာ ရှိကြတဲ့ အတွက် ဒီစီမံကိန်း ကို ရပ်စဲ ဖို့ တောင်းဆိုနေကြ ချိန်မှာ လွှတ်တော် အမတ် တွေ က လွှတ်တော် မှာ ဒီအရေး ကို တင်ပြ ကြဖို့ ရှိလာ လေ မလား။

ဒီ အမေး ကို အမျိုးသား လွှတ်တော် အမတ် လည်းဖြစ်၊ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ က ဥက္ကဌ လည်းဖြစ် တဲ့ ဒေါက်တာ အေးမောင် ကို ဘီဘီစီ က မေးတော့ သူတို့ အနေနဲ့ လွှတ်တော် ကို တင်မယ့် အဆို တခု ကို ကြိုပြီး မီဒီယာ ကို ပြောရင် လုပ်သင့်တဲ့ လုပ်ငန်းစဉ် တခု ကို ကျော်တယ် ဆိုပြီး အဆိုပြု မှု ပိတ်ပင် တာ ကို ခံရတဲ့ အတွက် ကြိုတင် မပြောချင် ကြောင်း ဆို ပါတယ်။

ဒါပေမယ့် သူ့ အမြင် အရ မြစ်ဆုံရေကာတာ စီမံကိန်း နဲ့ ပတ်သက်ပြီး ပြည်သူ အများ က စိုးရိမ် နေကြတဲ့ အတွက် ဆွေးနွေးဖို့ အဆို တင်မယ့် အမတ် တွေ ရှိနိုင် ကြောင်း ပြော ပါတယ်။

လွှတ်တော် အတွင်း အများစု နေရာ ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ လည်း ဒီ စီမံကိန်း ကို ရပ်စေချင် ကြတဲ့ လူထု ဆန္ဒကို ကျော်လွန်ပြီး စီမံကိန်း ကို ဆက်လုပ်ဖို့ ထောက်ခံ ကြလိမ့်မယ် လို့ သူ မမြင် ကြောင်း လည်း ဘီဘီစီ ကို ပြော ပါတယ်။