အမေရိကန်အထူးကိုယ်စားလှယ်ခရီးစဉ်

  • 10 စက်တင်ဘာ 2011
_ndf
Image caption အမျိုးသားဒီမိုကရေစီအင်အားစု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ဟာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ အစိုးရ အာဏာပိုင်တွေ နဲ့ တွေ့ပြီးတဲ့ အပြင်၊ နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေနဲ့ လဲ တွေ့ဖို့ ရှိပါတယ်။ လာမဲ့ အင်္ဂါနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအင်အားစု နဲ့ လဲ တွေ့မှာပါ။

အမျိုးသားဒီမိုကရေစီအင်အားစု မှ ဦးခင်မောင်ဆွေ က အမေရိကန်ရဲ့ မြန်မာနိုင်ငံ ပေါ် ထားရှိတဲ့ နိုင်ငံခြားရေး မူဝါဒ ဟာ ဒဏ်ခတ်ပိတ်ဆို့ရေး နဲ့ ထိတွေ့ဆက်ဆံရေး ဆိုပြီး ချမှတ်ထားတဲ့ အတွက် ဒီမူဝါဒ ချမှတ်ထားချိန် နဲ့ အခု လက်ရှိ အနေအထား ဟာ ကွာခြားမှု ရှိနေပြီး ဖြစ်ပေါ်တိုးတက်မှု အသစ်တွေ ကြောင့် အမေရိကန် အစိုးရ အနေနဲ့ ဒီအချိန်မှာ ဘယ်လို သဘောထားသလဲ ဆိုတာ မေးဖို့ ပြင်ဆင်ထားကြောင်း ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံတကာ နဲ့ အမေရိကန်ပြည်ထောင်စု ဖက်က မြန်မာနိုင်ငံတွင်း မှာ နိုင်ငံရေး အရ ပြောင်းလဲမှု မရှိဘူး လို့ ဆိုနေခြင်းနဲ့ ပတ်သက်လို့ ဦးခင်မောင်ဆွေ က အမျိုးသား ဒီမိုကရေစီ အင်အားစု အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုရေး လွှတ်တော်မှာ တင်ပြခဲ့ပြီး ဖြစ်လို့ အပြုသဘောဆောင် တဲ့ ဒီအချက်ကို လဲ အမေရိကန် ဖက်က သဘောထား ကို မေးမယ့် အကြောင်း ဦးခင်မောင်ဆွေ က ပြောပါတယ်။