ကြံ့ဖွံ့ရဲ့ကန့်ကွက်လွှာ ကော်မရှင် ဆုံးဖြတ်ချက်ထွက်

  • 10 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးအောင်ကျော်ဇံဟာ ရွေးကောက်မှာ မဲ အပြတ် အသတ်နဲ့ အနိုင်ရထားသူ ဖြစ်ပါတယ်

ရခိုင်ပြည်နယ် ပေါက်တော်မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရခိုင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်သုံးဦး အပေါ် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ မှာ ရခိုင်ပါတီဘက်က အမှု ၂ ခု အနိုင်ရပြီး ကျန်တမှု ကတော့ ရှုံးနိမ့်သွားခဲ့ ပါတယ်။

ရွှေးကောက်ပွဲကော်မရှင်ဟာ ရခိုင်ပါတီက ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို အရှုံးပေး လိုက်ပြီး ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်ကို အနိုင်ပေး လိုက်တာ ဖြစ်ပါတယ်။

အမှန်တော့ ဦးအောင်ကျော်ဇံဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲအရေအတွက် သုံးသောင်းကျော် ရရှိပြီး ကြံ့ဖွံ့ကိုယ်စားလှယ်ကို အပြတ်အသတ် အနိုင်ရထားတာ ဖြစ်ပါတယ်။

အခုလို မဲအပြတ်အသတ်နဲ့ အနိုင်ရတဲ့ ဦးအောင်ကျော်ဇံကို ရွှေးကောက်ပွဲ ကော်မရှင်က အရှုံးပေးတာဟာ မဲဆန္ဒရှင်များရဲ့ ဆန္ဒကို မလေးစား ရုံတင်မက စော်ကားရာ ရောက်တဲ့ အတွက် ပေါက်တောမြို့နယ်က မဲဆန္ဒရှင်တွေက အထူး မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ကျန်တဲ့ ရခိုင်အမတ်တွေ ဖြစ်တဲ့ အမျိုးသားလွှတ်တော် ပေါက်တောမြို့နယ် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ ကတော့ အနိုင်ရရှိ သွားပါတယ်။