သီလေးသီး အဖွဲ့ဝင်တချို့ ပြည်တော်ပြန်ပြီ

  • 11 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန်လေဆိပ်အရောက် သတင်းထောက် အများ အပြားက လာရောက် သတင်းယူခဲ့

ပြည်ပကိုရောက်နေတဲ့ သီလေးသီ ဆေးရောင်စုံအငြိမ့်အဖွဲ့ ခေါင်းဆောင် ကိုဂေါ်ဇီလာနဲ့ အဖွဲ့ဝင်တချို့ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ပြန်သွားပြီဖြစ်ပါတယ်။

ဒီပြည်တော်ပြန်ခရီးမှာ ကိုဂေါ်ဇီလာနဲ့အတူ လူရွှင်တော် ဇီးသီး၊ စိန်သီး အပါအဝင် မင်းသမီး ချောစုမျိုး တို့ပါဝင်ကာ အခုတော့ သူတို့ဟာ ရန်ကုန်လေဆိပ် ကို ရောက်ရှိသွား ကြပြီ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံကို ရောက်တဲ့အခါ အဖမ်းဆီးခံရမှာအတွက် စိုးရိမ်မှု မရှိကြောင်းကိုလည်း ကိုဂေါ်ဇီလာက ထိုင်းနိုင်ငံ ချင်းမိုင်လေဆိပ်မှာ လေယာဉ်တက်ခါနီး ဘီဘီစီကို ပြောကြားခဲ့ ပါတယ်။

ကြယ်သီး၊ ပန်းသီးတို့ ၂ ဦးနဲ့ မင်းသမီး မြစပယ်ငုံကတော့ ပြန်မှာ မဟုတ်ဘူးလို့ သိရပါပြီး၊ အခုကိစ္စဟာလည်း သီးလေးသီးအဖွဲ့ကြီး တခုလုံး ပြန်တာ မဟုတ်သေးကြောင်း သိရပါ တယ်။