နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး Burma Campaign UK ရဲ့လှုပ်ရှားမှု

  • 13 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အင်းစိန်ထောင်က အကျဉ်းသားတွေ လွှတ်ပေးပုံ

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ရေး လှုပ်ရှားမှု တရပ် အနေနဲ့ ဘားမား ကမ်ပိန်း ယူကေက လက်ထောက် ရံပုံငွေ ရှာဖွေရေးမှူး Jag Dojkovski ဟာ ကီလိုမီတာ နှစ်ထောင် စက်ဘီးနင်းပြီး ရံပုံငွေ ရှာမှာ ဖြစ်ပါတယ်။

မနေ့က စက်တင်ဘာ ၁၂ရက်နေ့က လန်ဒန်မြို့လယ် Trafalgar ရင်ပြင်ကနေ တာထွက် သွားပြီး ယူကေ ၊ ပြင်သစ် ၊ ဘယ်လဂျီယံ ၊ ဟော်လန် ၊ ဂျာမဏီနဲ့ နောက်ဆုံး ချက်ခ် သမ္မတ နိုင်ငံမှာ ခရီး အဆုံးသတ်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက် မရှိ လွတ်မြောက်ရေး အတွက် ဒီ စက်ဘီးနင်း ခရီး လှုပ်ရှားမှုကို ထောက်ခံတဲ့ အနေနဲ့ www.bmycharity.com အင်တာနက် စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှု အားပေးကြပါလို့ Jag Dojkovski က ပြောပါတယ်။