မြစ်ဆုံစီမံကိန်း နဲ့ ကချင်လူထု

  • 13 စက်တင်ဘာ 2011
_irrawaddy_myitsone_ ဓာတ်ပုံ မူပိုင် burmese
Image caption မြစ်ဆုံစီမံကိန်း

ဘယ်လို ကန့်ကွက်မှု တွေ ရှိပါစေ၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း ကို ဆက်လုပ်မယ်။ နောက်ဆုတ်မှာ မဟုတ်ဘူး လို့ အမှတ် ၁၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်း ပြောတာ ကို ဌာနေ ကချင်လူမျိုး တွေ က မကျေနပ်ကြတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီမြစ်ဆုံ စီမံကိန်း ကို စတင် အကောင်အထည်ဖေါ် ကတဲက ကချင်လူမျိုး တွေ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ နယ်မြေ အာဏာပိုင် တွေက လုံးဝ ဂရု မစိုက်၊ အလေးမမူပဲ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ကြပါတယ်။

ကချင်လူမျိုးတွေ အနေနဲ့ ဧရာဝတီ မြစ်ဆုံဒေသ ဟာ သဘာဝ အရရော၊ ကချင်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ ဝိသေသလဲ ဖြစ်တာမို့၊ ပတ်ဝန်းကျင် သဘာဝ အလှ ပျက်စီးမှာ ကို မလိုလားကြောင်းလဲ ကချင်လူငယ် ကိုမော်ထွန်းအောင် က ပြောပါတယ်။

ဝန်ကြီးဦးဇော်မင်း ပြောသလို၊ မြစ်ဆုံစီမံကိန်း ကို ဆက်လက်လုပ်ကိုင် မယ် ဆိုရင်၊ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိ ပါ သလဲ ဆိုတော့၊ ကချင်လူမျိုးတွေသာ မက၊ မြန်မာ ညီအကို အနုပညာသည် တွေပါ အထောက် အထားတွေ နဲ့ ဝိုင်းဝန်းကန့်ကွက် ပေးလို့ တိုင်းရင်းသား ညီညွတ်မှု အလိုလို စည်းရုံးပြီးသား ဖြစ်တဲ့ အတွက်၊ ဒီစီမံကိန်း ကြီး ရပ်တံ့သွားလိမ့် မယ် လို့ ယုံကြည်ကြောင်း ကိုမော်ထွန်းအောင် က ပြောပါတယ်။