နယ်စပ် တင်းမာမှု နောက်ပိုင်း မူးယစ်ဆေး ပိုထုတ်လာ

  • 16 စက်တင်ဘာ 2011
Drug
Image caption မူးယစ်ဆေးကို အာဖဂန်မှာ ထိမ်းလာနိုင်ပြီး မြန်မာမှာ တော့ပိုများ လာတယ်လို့ ဆို

မြန်မာ အစိုး ရနဲ့ တိုင်းရင်း သား လက်နက် ကိုင် တွေ ကြား နယ်ခြား စောင့် တပ် ဖွဲ့စည်း ရေးနဲ့ ပတ်သက် ပြီး တင်းမာ မှုတွေ စဖြစ် ခဲ့ တဲ့ နောက် ပိုင်း မြန်မာ ပြည်မှာ မူးယစ် ဆေးဝါး ထုတ်လုပ် သုံးစွဲ မှုတွေ ပိုများ လာတယ် လို့ ဒီ အကြောင်း စောင့်ကြည့် လေ့လာ နေတဲ့ ထိုင်း နိုင်ငံ အခြေ စိုက် ရှမ်း သံတော် ဆင့် သတင်း ဌာန အယ်ဒီ တာ ဦးခွန် ဆိုင်း က ပြော ပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာ နေတာကို ထိုင်းနိုင်ငံက ကိုင်တွယ် ဆောင်ရွက်သင့် တယ်လို့ ကုလသမဂ္ဂရဲ့ ဇွန်လထုတ် အစီရင်ခံစာ ကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မူးယစ်ဆေး တိုက်ဖျက်ရေး ဆိုင်ရာ အကြီးအကဲ ဝီလျံ ဘရောင်းဖီး က လည်း ဘန်ကောက်မြို့ကို ရောက်ရှိ နေစဉ် မှာ ပြောကြား ခဲ့ ပါတယ်။

အခုအခါ အာဖဂန် နစ္စတန်ရဲ့ မူးယစ်ဆေး လုပ်ငန်းကို ထိမ်းချုပ် ထားနိုင်လာ ပြီး မြန်မာဟာ ကမ္ဘာမှာ မူးယစ်ဆေး အများဆုံး ထုတ်တဲ့ နိုင်ငံ ဖြစ်လာ တော့မယ်လို့ သူက ဆိုပါတယ်။

အပစ်ရပ် အဖွဲ့တွေရဲ့ ဝင်ငွေ ရလမ်းကို အစိုးရက ပိတ်ပင် နေပြီး သူတို့ကို ထောက်ခံတဲ့ နယ်ခြားစောင့်တပ် နဲ့အခြား လက်နက်ကိုင်တွေကို အားပေးတဲ့ မူဝါဒကြောင့် မူးယစ် ဆေးဝါးထုတ်လုပ်မှု တိုးလာတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။