ကလေး စစ်သားကို တပ်ပြေးအဖြစ် ဖမ်းထား

  • 16 စက်တင်ဘာ 2011
တိုင်းရင်းသား တပ်ဖွဲ့တွေမှာလည်း ကလေးတွေစုဆောင်း
Image caption တိုင်းရင်းသား တပ်ဖွဲ့တွေမှာလည်း ကလေးတွေ စုဆောင်း

လားရှို့မြို့ နစလ ၅၆၇ တပ်ရင်းမှာ တာဝန် ထမ်းဆောင် နေရတဲ့ အသက် ၁၄နှစ်အရွယ် တပ်သား မောင်မျိုးကိုဟာ ကညွတ်ကွင်း ရထား လမ်းပိုင်းမှာ လုံခြုံရေး တာဝန် ကျနေရင်း ပြီးခဲ့တဲ့နှစ်က အိမ်ကိုပြန်ပြေး လာခဲ့ပါတယ်။ မောင်မျိုးကိုကို ပြီးခဲ့တဲ့ အပတ် စက်တင်ဘာ ၁၀ရက်က တပ်ပြေး ဆိုပြီးတော့ သူ့ဇာတိ အုတ်တွင်း မြို့နယ် ကျွဲပွဲမြို့ နယ်မြေခံ ရဲတွေက ပြန်လည် ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံရပြီး တောင်ငူ အမှတ် ၃၆၃ တပ်ထိန်းတပ်မှာ ချုပ်နှောင်တာ ခံထားရပါတယ်။

၂၀ဝ၉ ခုနှစ်က မောင်မျိုးကိုနဲ့ မိဘဆန္ဒမပါဘဲ ဖြူးမြို့အခြေစိုက် ၃၀၆တပ်ရင်းက တပ်သားတယောက်က အဓမ္မစုဆောင်းခံရပြီး ပြီးခဲ့တဲ့ စနေနေ့က ရိုက်နှက် ဖမ်းဆီး သွားတယ်လို့ မိခင်ဖြစ်သူ ဒေါ်အေးက ဘီဘီစီကိုပြောပြပါတယ်။

မောင်မျိုးကို မိဘရင်ခွင်ပြန်ရောက်ရေး အတွက် အပြည်ပြည် ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ်ရုံးခွဲ အိုင်အယ်လ်အိုကို မနေ့က တိုင်ကြားထားတယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကလေးငယ်တွ ေရောင်းစားခံရတာနဲ့အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ကိစ္စတွေမှာ စစ်သားတွေလည်း ပါဝင်ပတ်သက်နေတာကြောင့် ပါဝင်သူတွေကို ဖော်ထုတ် အရေးယူပေးဖို့ တရားရုံး အပါအဝင် ဌာနဆိုင်ရာတွေကို တိုင်ကြားတဲ့အခါ အရေးတယူ ဆောင်ရွက်တာတွေ မရှိဘူးလို့ ပဲခူးမြို့က လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ ရှေ့နေ ဦးအေးမြင့်က ဘီဘီဘီစီကို ပြောပါတယ်။

ပြည်ပ အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်ကလည်း လူကုန်ကူးမှုတွေ အဓမ္မကလေး စစ်သား စုဆောင်းတဲ့ ကိစ္စတွေအရေး ယူဆောင်ရွက်တဲ့အခါ စစ်သားတွေ ပါဝင်နေမှုကိုဖေါ်ထုတ် အရေးယူဖို့ အပါအဝင် ပြည်မြို့က ကလေး စစ်သား၅ယောက် အနက် ပြန်မလွတ်သေးတဲ့ နေမင်းမောင်မောင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို ထားပါတယ်။