မြန်မာ သတင်းထောက်တွေ လွတ်လပ်မှု မရှိ

  • 20 စက်တင်ဘာ 2011

မြန်မာ နိုင်ငံမှာ သတင်း မီဒီယာ နဲ့ ပတ်သက်လို့ လွတ်လပ်မှု တချို့ ရှိလာတဲ့ လက္ခဏာတွေ ရှိပေမဲ့ ပြင်းထန်တဲ့ တင်းကြပ်မှုတွေ ဆင်ဆာ ဖြတ်တောက်မှု တွေ ရှိနေ တုန်းပဲလို့ သတင်း လွတ်လပ်ခွင့် ဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့ တစ်ခုက ပြောပါတယ်။

CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေး ဆိုင်ရာ ကော်မီတီက မြန်မာနိုင်ငံ အတွင်း သတင်းထောက် တွေဟာ အာဏာပိုင် တွေရဲ့ အဆက်မပြတ် စောင့်ကြည့် ခံရတဲ့ အပြင် သူတို့ တယ်လီဖုန်း တွေကို ကြားဖြတ် နားထောင်တာ ခံနေ ကြရလို့ ကမ္ဘာမှာ လွတ်လပ်ခွင့် မရှိဆုံး၊ ကန့်သတ်မှု အခံ ရဆုံးသူ တွေထဲ ပါဝင် တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကတိ စကား တွေပြောခဲ့ ပြီးတဲ့နောက် မြန်မာ အာဏာပိုင် တွေက ဘီဘီစီ အပါ အဝင် ပြည်ပ သတင်းဌာန တွေရဲ့ ဝက်ဘ်ဆိုက် တွေကို ဖွင့်ပေးခဲ့ ပါတယ်။

ဒါပေမဲ့ ဒီပြောင်းလဲမှုက ထာဝရ ဖြစ် မဖြစ် ဆိုတာတော့ ရှင်းရှင်း လင်းလင်း မရှိပါဘူး။