မြန်မာနိုင်ငံမှာ ရွှေနဲ့ဒေါ်လာစျေး တက်လာ

  • 21 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption ဒီကနေ့ ဒေါ်လာစျေးကတော့ တစ်ဒေါ်လာကို ကျပ် ၈၅ဝ ဝန်ကျင်စျေး ရှိပါတယ်

မြန်မာနိုင်ငံမှာ ရွှေစျေးနဲ့ အမေရိကန် ဒေါ်လာစျေး အခုရက်ပိုင်းတွေ အတွင်း သိသိသာသာ တက်လာခဲ့ရာ ရွှေစျေးက ၇ သောင်းနီးပါး တက်သွားပြီး၊ ဒေါ်လာစျေး ကတော့ ကျပ် ၁၀၀ တက်သွားပါတယ်။

ဒီကနေ့ ရွှေ ပေါက်စျေးဟာ တကျပ်သားကို ၇ သိန်း ၇ သောင်း နီးပါးဖြစ်ပြီး၊ ဒေါ်လာ ပေါက်စျေး ကတော့ တစ်ဒေါ်လာကို ၈၅ဝ ဝန်းကျင်စျေး ရှိခဲ့ပါတယ်။

မြန်မာရွှေစျေးက နိုင်ငံတကာစျေးအတိုင်း အတက်အကျ ရောင်းဝယ်နေတာ ဖြစ်ပြီး ဒေါ်လာစျေး တက်လာတဲ့ အတွက် မြန်မာနိုင်ငံက ရွှေစျေးလည်း တက်သွားတာ ဖြစ်ပါ တယ်။

ဒေါ်လာစျေးတက်လာရခြင်း အကြောင်းကတော့ ကားအဟောင်းအစား ကားအသစ် တင်သွင်းခွင့် ရရှိတာကြောင့် ဖြစ်တယ်လို့ ငါးလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

နောက်ပြီး အခုငွေလဲနှုန်းကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပို့ကုန်လုပ်ငန်းအပါအဝင် အထည်ချုပ်လုပ်ငန်းတွေလည်း လုပ်သာကိုင်သာ အနေအထားရှိလာမယ်လို့ သူက ပြောပါတယ်။