ဒေါ်အောင်ဆန်းစုကြည် Chatham House ဆုရ

  • 23 စက်တင်ဘာ 2011
Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဒေါ်အောင်ဆန်း စုကြည် ဟာ နိုင်ငံတကာ ဆုပေါင်း များစွာ ကို ရရှိ ထားသူပါ

ဗြိတိန် နိုင်ငံမှာ ထင်ရှား တဲ့ Chatham House နိုင်ငံ တကာ ရေးရာ တော်ဝင် ပညာရှင် အဖွဲ့ အစည်းက ၂၀၁၁ ခုနှစ် အတွက် Chatham House Prize ဂုဏ်ထူး ဆောင် ဆုကို ဒေါ်အောင်ဆန်း စုကြည်ကို အပ်နှင်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနှစ် အတွင်း နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အထူး ခြားဆုံး အောင်မြင် အောင် ဆောင်ရွက် နိုင်သူကို မဲပေး ပြီး အခုလို ရွေးချယ် လိုက်တာပါ။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ ဆန်ခါတင် အရွေးခံရတဲ့ လူ တွေထဲမှာ မက်ဆီကို နိုင်ငံက ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး လူဝစ် အယ်လ်ဖွန်ဆို ဒီ အယ်လ်ဘာ၊ မလေးရှား ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဒေါက်တာ ဇက်တီ အာက်တာ အာဇစ်နဲ့ Wipro Limited ရဲ့ဥက္ကဌ အဇင်း ပရမ်ဂျီတို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဒီဆုကိုရရှိ ခဲ့သူ တွေထဲမှာ တူရကီ သမ္မတ အဗ္ဗဒူလာ ဂူးလ်၊ ဘာရာဇီး သမ္မတ လူဝစ် အီနာဆီယို လူလာ ဒီဆေလ်ဗာ တို့ လည်းပါဝင် ပါတယ်။

ဆုအပ်နှင်း ပွဲကိုတော့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် တက်ရောက်နိုင်မှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်စား အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဟောင်း မက်ဒယ်လင်း အောဘရိုက် ကတက်ရောက် လက်ခံ ရယူမှာ ဖြစ်တယ်လို့ Chatham House ကထုတ်ပြန် ကြေညာ ထားပါတယ်။