မြန်မာပြည်က ပြုပြင်ပြောင်းလဲမှု ထောက်ခံသင့်တယ်လို့ ICG ပြော

  • 23 စက်တင်ဘာ 2011
Image caption ICG အဖွဲ့ အမှတ်တံဆိပ်

မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်မှု တွေကို ထောက်ခံကြဖို့ ICG လို့ခေါ်တဲ့ နိုင်ငံတကာမှာ အရေးပါတဲ့ လူမှုရေး ၊ နိုင်ငံရေး နဲ့ စစ်ရေး ဆိုင်ရာ သုတေသန အဖွဲ့ကြီးက အနောက် နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

သတင်း လွတ်လပ်ခွင့် အထိုက်အလျောက် လျော့ပေါ့ ပေးလာတာ ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကို ပြည်ဝင်ခွင့် ပေးခဲ့တာနဲ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ စကားပြောခဲ့တာ အပါအဝင် မြန်မာ အစိုးရရဲ့ လတ်တလော လုပ်ဆောင်ချက်တွေကို ICG အဖွဲ့ကြီးက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် တခြား ဒီမို ကရေစီရေး တက်ကြွ လှုပ်ရှားသူ တွေကတော့ မြန်မာ အစိုးရ လုပ်ဆောင်ချက်တွေက အပေါ်ယံ သက်သက် ဖြစ်ပြီး သတိနဲ့ စောင့်ကြည့်သင့်တယ်လို့ တိုက်တွန်း ထားပါတယ်။