တရုတ် နိုင်ငံမှာ ရထား နှစ်စီး တိုက်မိ

  • 27 စက်တင်ဘာ 2011

တရုတ် နိုင်ငံ ရှန်ဟိုင်းမြို့မှာ မြေအောက် ရထား နှစ်စီး တိုက်မိခဲ့တဲ့ အတွက် လူပေါင်း နှစ်ရာကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

Image caption ရှန်ဟိုင်းမြို့က မြန်နှုန်းမြင့် ရထား

လွန်ခဲ့တဲ့ နှစ်လက လူတွေ သေဆုံးခဲ့ရတဲ့ မြန်နှုန်းမြင့် ရထား နှစ်စီး တိုက်မှု ဖြစ်ပြီးတဲ့ နောက် ဒီကနေ့ မြေအောက်ရထား နှစ်စီး တိုက်မိခဲ့တဲ့ အတွက် လူတွေရဲ့ မကျေ မနပ်မှုတွေလည်း ဖြစ်လာခဲ့ ပါတယ်။

ရှန်ဟိုင်း မြေအောက် ရထား တစ်စီးက နောက်တစ်စီးရဲ့ နောက်ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တရုတ် သတင်း အေဂျင်စီ ကတော့ ထိခိုက်သူ အများစုကတော့ ဒဏ်ရာ သိပ်မပြင်းထန်ဘူးလို့ ဆိုပါတယ်။

ရှန်ဟိုင်းက မြေအောက်ရထား အသွားအလာ ထိန်းချုပ်ရေး ဌာနကတော့ ရထား အချက်ပြ စနစ် ပျက်သွားခဲ့ပြီးတဲ့နောက် ဝန်ထမ်းတွေက တယ်လီဖုန်းကနေ တဆင့် ရထား အသွား အလာ တွေကို လမ်းပြ ပေးခဲ့တာ လို့ ပြော ပါတယ်။

တရုတ် နိုင်ငံ အရှေ့ပိုင်းက ဝမ်ဂျိုး Wenzhou မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက မြန်နှုန်းမြင့် မြေပေါ် ရထား နှစ်စီး တိုက်မိခဲ့လို့ လူပေါင်း လေးဆယ် သေဆုံးခဲ့ရပြီး လုံခြုံ စိတ်ချရမှု စံနှုန်းနဲ့ ပတ်သက်လို့ လူထု မကျေ မနပ်မှုတွေ ဖြစ်လာ ခဲ့ပါတယ်။