တိုင်းရင်းသား ပဋိပက္ခ ပြည်တွင်း မှာ မဖြေရှင်း နိုင်တော့

  • 27 စက်တင်ဘာ 2011

မြန်မာ နိုင်ငံ အတွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ တွေဟာ ပြည်တွင်း အရေးကို ပြည်တွင်းမှာပဲ ဖြေရှင်းတဲ့ နည်းနဲ့ ပြေလည်မှု မရနိုင် တော့တဲ့ အတွက် နိုင်ငံ တကာက ပါဝင် ဆောင်ရွက် ပေးကြဖို့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့က ပန်ကြားလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကုလ အတွင်း ရေးမှူးချုပ် ကို ကေအိုင်အိုက ပန်ကြား

ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပ နေဆဲကာလနဲ့ တိုက်ဆိုင်ပြီး ကေအိုင်အို အဖွဲ့ကနေ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့တဲ့ စာထဲမှာ အခုလို ရေးသား တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

လအတန်ကြာ ကေအိုင်အိုနဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွား လာခဲ့ရာ ကနေ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ကချင် စစ်တပ်ကို အစိုးရက ထိုးစစ် တွေ တိုးမြှင့် လာခဲ့ပြီး နောက်မှာ အခုလို စာ ပေးပို့ ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလည်း ကေအိုင်အေ စစ်စခန်း တစ်ခုကို မြန်မာ အစိုးရ ဘက်က လူအင်အား လက်နက် အင်အား အလုံး အရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။