သမ္မတ ကို အမေရိကန်ပြည်သူတွေ တောင်းဆို

  • 27 စက်တင်ဘာ 2011
_obama2 ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန်သမ္မတ အိုဘားမား

အမေရိကန် ဝါရှင်တန်ဒီစီ အခြေစိုက် US Campaign for Burma မှ အမေရိကန်ပြည်သူတွေ ရဲ့ လက်မှတ်ရေးထိုး တောင်းဆိုမှု စာလွှာပေါင်း တသောင်းသုံးထောင် ကို အမေရိကန် သမ္မတအိုဘားမား ထံပေးပို့လိုက်ကြပါတယ်။

ဒီစာတွေထဲမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူသားထု အပေါ်လူမဆန် စွာ ချိုးဖေါက်တဲ့ ရာဇဝတ်မှု တွေကို သမ္မတအိုဘားမား အစိုးရ က ဦးဆောင်ပြီး အဆုံးသတ်စေရေး၊ ရာဇဝတ်မှု ကျူးလွန်သူ တွေကိုလည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် မှ ဖေါ်ထုတ် အရေးယူရေး ကို အမေရိကန် ပြည်သူတွေ က လက်မှတ် ရေးထိုး တောင်းဆိုလိုက် ကြတါပါ။

ပြီးခဲ့တဲ့ နှစ်က သမ္မတ အိုဘားမား က ကုလစုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကို အပြည့်အဝ ထောက်ခံခဲ့ ပေမယ့် အပြောနဲ့ တင် မဟုတ်၊ အလုပ်နဲ့ပါ လက်တွေ့ပြဖို့ တောင်းဆိုကြတာကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့က ဉပဒေရေးရာ ဒါရိုက်တာ ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာအစိုးရ ဖက်ကလည်း ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်နေတာ ကို အမေရိကန် အစိုးရ ကို ရော နိုင်ငံတကာ အစိုးရတွေ ကိုပါ စောင့်ကြည့် စေလိုတဲ့ သဘော ပြောတာကို လက်ခံတဲ့ အသွင်ဆောင်ပုံ ကိုလည်း ဂျယ်နီဖါကွစ်ဂလီ က ဘီဘီစီ ကိုရှင်းပြပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လည်းကျင်းပ နေပြီမို့ မြန်မာ့အရေး ထိရောက်စွာ ဖြေးရှင်းပေး ရေး လိုလားကြပုံ ကို အမေရိကန် ပြည်သူတွေရော ကမ္ဘာကျော် ဂီတဝိုင်း ယူတူးမှ တီးဝိုင်းခေါင်းဆောင် ဘိုနို ကပါ လှုံ့ဆော် တောင်းဆိုနေတာ ဖြစ်ပါတယ်။