၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ အသင်း မပါဝင် နိုင်တော့

  • 30 စက်တင်ဘာ 2011
burma oman ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ဘောလုံးအသင်း ခေါင်းဆောင် လိုက် တောင်းပန် ပေမဲ့ ပရိဿတ် ကို မထိန်း နိုင်ခဲ့

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ် ပွဲ မှာ မြန်မာ ဘောလုံး အသင်း ကို ဝင်ပြိုင်ခွင့် မပေးဘူး လို့ ကမ္ဘာ့ဖလား ဘောလုံး အဖွဲ့ချုပ် ဖီဖာ က ဆုံးဖြတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း က အိုမန် အသင်းနဲ့ မြန်မာအသင်း တို့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား အတွက် သုဝဏ္ဏ ကွင်း မှာ ခြေစစ်ပွဲ ကစား နေစဉ် မြန်မာ ပရိဿတ် က ၂ ဂိုးအသာ နဲ့ ဦးဆောင် ကစား နေတဲ့ အိုမန် အသင်း ကို ဖိနပ်တွေ၊ ရေသန့် ဘူးတွေ နဲ့ ပစ်ပေါက်ခဲ့ ကြပါတယ်။

မြန်မာ ဘောလုံး အသင်းခေါင်းဆောင် က ပရိဿတ် ကို လိုက်လံတောင်းပန် ပေမဲ့လည်း ပွဲ မထိန်း နိုင် သလို၊ မြန်မာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် လိုက်ထိန်း ပေမယ့် လည်း ပရိဿတ် က မနာခံခဲ့ပါဘူး။

ဒီလို ပရိဿတ် ရဲ့ ပြုမူမှု ကို မြန်မာ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ မထိန်းသိမ်း နိုင်တဲ့ အတွက် ၂၀၁၈ ခုနှစ် ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကို ဝင်ပြိုင်ခွင့် မပြု နိုင်တာ လို့ ဖီဖာ က ပြော ပါတယ်။

ဒီ ကိစ္စ နဲ့ပတ်သက်လို့ ဖီဖာ က ဒေါ်လာ ၂၈၀၀၀ လောက် နဲ့ ညီမျှ တဲ့ ဆွစ် ဖရန့်ငွေ ၂၅၀၀၀ ကို ဒဏ်ကြေးငွေ အဖြစ် ပေးဖို့ မြန်မာ အပေါ် ဒဏ် တပ်ခဲ့ ဘူး ပါတယ်။