မြန်မာ အစိုးရတပ် ကချင် ဒေသခံ တွေကို ပေါ်တာဆွဲ

  • 30 စက်တင်ဘာ 2011
Kachin ဓာတ်ပုံ မူပိုင် others
Image caption တိုက်ပွဲ ဖြစ်တဲ့ ဒေသတွေ ကနေ ကချင် ဒုက္ခသည်တွေ ထွက်ပြေး နေရ

ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) ကို မြန်မာ အစိုးရက ဆက်လက် ထိုးစစ် ဆင်နေ ရာမှာ အစိုးရတပ် တွေက ဝိုင်းမော် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ် ရေးမှူး တွေကို ဆင့်ခေါ်ပြီး ပေါ်တာ အထမ်းသမား ၅၀ ရှာပေးဖို့ တောင်းဆိုခဲ့ကြောင်း မြို့ခံ တွေက ဘီဘီစီကို ပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေး မှူးတွေက စစ်တပ်ကို ကိုယ့်အစီအစဉ် နဲ့ကိုယ် ရှာဖို့ အကြောင်းပြန် ခဲ့ကြတယ် လို့ ဆိုပါတယ်။

အနီးပတ်ဝန်းကျင် က ရွာတွေမှာတော့ ပေါ်တာဆွဲတာ တွေရှိနေတယ်လို့ တရုတ်မြန်မာ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တိုက်ပွဲ တွေကြောင့် ဒေသခံတွေ ထွက်ပြေးရတာ တွေလည်း နောက်ထပ် ဆက်ပြီး ရှိနေပါတယ်။

ကြာသပတေးနေ့တုန်းက မြန်မာ အစိုးရနဲ့ ကေအိုင်အေတပ်ဖွဲ့တွေကြား ဂျာအိန်ယန် ရွာ အနီးမှာ တိုက်ပွဲ တခု ဖြစ်ခဲ့သလို အောင်ဂျာယန် ရွာအနီးမှာလည်း နောက်ထပ် တိုက်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ထိခိုက် ကျဆုံးမှု အခြေအနေ ကိုတော့ မသိရသေးပါဘူး။