ကော့ကရိတ် မြို့အနီး တိုက်ပွဲဖြစ်ပွား

  • 3 အောက်တိုဘာ 2011
Karen ဓာတ်ပုံ မူပိုင် others
Image caption ကရင် ပြည်နယ်က တိုက်ပွဲ တွေကြောင့် ဒုက္ခသည် တွေ မကြာ ခဏ ထွက်ပြေးရ

မြန်မာ အစိုးရက နယ်မြေရှင်းလင်း ဖို့အတွက် ဆိုပြီး စေလွှတ်လိုက်တဲ့ တပ်ရင်း ၂၀၂ ရဲ့ စစ်ကြောင်းကို ကေအင်ယူနဲ့ ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့ တွေက ကော့ကရိတ် မြို့ အနီးမှာ ကြားဖြတ် တိုက်ခိုက် ခဲ့တဲ့အတွက် အနည်းဆုံး မြန်မာ တပ်ရင်း ဖက်က လူတဦး သေဆုံး သွားပြီး အရပ်သား တဦးလည်း ဒဏ်ရာ ရ သွားတယ်လို့ တိုက်ပွဲ အနီးမှာ ရှိနေသူတွေက ပြောပါတယ်။

ကော့ကရိတ်၊ မြဝတီ ကားလမ်း အောက်ဘိုတဲရဲ့ အထက် ကျောက်ညှပ် မှာ နာရီဝက်လောက် အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့တဲ့ အတွက် အဲဒီလမ်းကြောင်း ပေါ်မှာ ခရီးသွားလာမှု ခေတ္တ ရပ်ဆိုင်း သွားခဲ့ ပါတယ်။

အစိုးရ စစ်တပ်ဖက်က နယ်မြေ ရှင်းလင်း ရေးအတွက် မြဝတီ နဲ့ ကော့ကရိတ် မြို့ တွေဖက် ကို စစ်ကြောင်း တွေ စေလွှတ် နေပြီး ကေအန်ယူ နဲ့ ဒီကေ ဘီအေ ဖက်က အခွင့်ရရင် ရသလို ကြားဖြတ် တိုက်ခိုက် လေ့ ရှိပါတယ်။