နိုင်ငံသား အဖြစ် သတ်မှတ်ပုံ

  • 3 အောက်တိုဘာ 2011
u_khin_yee_
Image caption လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီ

မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင် မူစလင်လူမျိုးတွေဟာ မြန်မာနိုင်ငံသား မှတ်ပုံတင် ရရှိဖို့ အခက်အခဲ ရှိနေပေမယ့် တရုတ်နိုင်ငံသား တချို့ ကတော့ နိုင်ငံသား မှတ်ပုံတင် အလွယ်တကူ ရနိုင်ကြတာနဲ့ ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ဘီဘီစီ ကို တွေ့ဆုံမေးမြန်းခန်း မှာ ရှင်းပြခဲ့ပါတယ်။

နိုင်ငံသား ဆိုရာမှာ မူစလင်၊ဗုဒ္ဓဘာသာ မခွဲခြားပဲ အထောက်အထား မှန်မှန်ကန်ကန် နဲ့ လျှောက်ထားနိုင်ကြောင်း၊ တိုင်းရင်းသား စစ်စစ် မဟုတ်သူတွေ ဆိုရင် မြန်မာနိုင်ငံ မှာ ဘယ်လောက်ပဲ အနေကြာကြာ နိုင်ငံသား ဖြစ်အောင် လျှောက်ထားရာမှာ နိုင်ငံသား နှစ်ခု ခံယူခွင့် မရ၊ တဖက်ကို စွန့်လွှတ်ရမယ်လို့ ဦးခင်ရီ က ပြောပါတယ်။

တရုတ်လူမျိုးတွေ တချို့ ဆိုရင် မြန်မာစကားပင် မတတ်ပဲ နိုင်ငံသား မှတ်ပုံတင် နှစ်ခု သုံးခု ကိုင်ဆောင်ခြင်း ကိုလည်း တွေ့ရှိရင် ဉပဒေ အရ အရေးယူမှာ ဖြစ်တဲ့ အကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ဌာန အနေနဲ့ အားနည်းမှု ရှိရာမှာ ငွေကြေးကိစ္စ ရောထွေးမှု ရှိသလို ဝန်ထမ်းလူငယ်တွေ ဖက်က ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိတဲ့ အတွက် တဖက်ကလည်း နိုင်ငံသား မှတ်ပုံတင် ရရှိရေး အတွက် ငွေကြေး အကုန်အကျခံမှု တွေ ရှိတတ်ပုံ ကို လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီ က ဘီဘီစီ နဲ့ တွေ့ဆုံမေးမြန်းခန်း မှာ ဖြေကြားသွားပါတယ်။