ကေအိုင်အေနဲ့ အစိုးရ စစ်တပ် တိုက်ပွဲ ဆက်ဖြစ်

  • 4 အောက်တိုဘာ 2011

ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ စစ်တပ် ကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပါတယ်။

ဓာတ်ပုံ မူပိုင် KachinNet
Image caption တိုက်ပွဲတွေကြောင့် ကချင် ပြည်နယ် အတွင်းမှာ ဒုက္ခ သည်တွေ အိုးအိမ် စွန့်ပြေး

အင်္ဂါနေ့ နေ့လည်ပိုင်းက အစိုးရ စစ်တပ် အတွက် လက်နက်နဲ့ ရိက္ခာတွေ တင်လာတဲ့ လား ကောင်ရေ ၁၀၀ လောက်ပါတဲ့ လားဝန်တင် တပ်ကို ဒေါ့်ဖုန်းယန် မြို့နယ်ခွဲ ဂျာအိန်ယန် ရွာအနားမှာ ကေအိုင်အေ ဘက်က သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေက ညနေ ၄ နာရီလောက် အထိ ဆက်လက် ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ကြားရပေမဲ့ စာရင်း အတိအကျ ကိုတော့ ခုချိန်ထိ မသိရသေး ပါဘူး။

အလာတူ ဒေါ်ဖုန်းယန် မြို့နယ်ခွဲ အောင်ဂျာယန် ရွာနားမှာလည်း နေ့လည်ပိုင်းက မိုင်းပေါက်ကွဲ မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။