ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းစ

  • 5 အောက်တိုဘာ 2011
kia_guns
Image caption ကချင်ပြည်နယ် တိုက်ပွဲ ပြင်းထန်

ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရတပ် တွေ အကြားမှာ ပြီးခဲ့တဲ့ ရက်တွေ အတွင်းမှာ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန် ဆက်တိုက်လို ဖြစ်နေလို့ ငြိမ်းချမ်းရေး လမ်းစ မြင်နိုင်ပါ့ဦး မလား ဆိုတာကို ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ရဲ့ အမြင်ကို တီးခေါက်ကြည့်ပါတယ်။

ဒီအခါမှာ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် က မြန်မာအစိုးရ ရဲ့ ရည်ရွယ်ချက်က ကေအိုင်အေ နယ်မြေတွေ ကို တိုက်ခိုက် စိုးမိုးနိုင် ပြီး အသာစီး ရပြီးမှ ကမ်းလှမ်းချက်တွေ လုပ်ဖို့၊ ရည်ရွယ်ချက် ရှိရှိနဲ့ ပြုလုပ်နေတယ် လို့ မြင်ပုံကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး လမ်းစ မပျောက်နိုင်အောင် ကြားက စေ့စပ်ပေးဖို့ လိုတယ် ဆိုတဲ့ နေရာမှာလည်း ကာယကံရှင်တွေ အနေနဲ့ အမြင်ချင်းတူဖို့ လိုကြောင်း၊ အယူအဆ မတူရင် ဘယ်လိုပုဂ္ဂိုလ် ပဲ ပါဝင်ပါစေ၊ အောင်မြင်ဖို့ မလွယ်ပုံ ကို ဗိုလ်ချုပ်ဂွမ်မော်က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို နှစ်ဦးနှစ်ဖက် လေးစားတဲ့ ပုဂ္ဂိုလ် ပါဦးတောင်မှ ကြားက ထိထိရောက်ရောက် ပါဝင်နိုင်မှ အောင်မြင်နိုင်မယ့် အကြောင်း ပြောပါတယ်။

ကာယကံရှင်တွေ ထိပ်တိုက်ဆွေးနွေး ငြင်းခုံနေရင် အောင်မြင်မှု မရနိုင်တဲ့ အကြောင်း၊ နားလည်မှုနဲ့ အမြှော်အမြင် ရှိတဲ့ ပုဂ္ဂိုလ် ဒါမှ မဟုတ် နိုင်ငံတခုခု ပါဝင်ရင် အောင်မြင်စရာ လမ်းစ ရှိနိုင်ပုံ ကို ဗိုလ်ချုပ်ဂွမ်မော် က ဘီဘီစီ ကို ရှင်းပြပါတယ်။