အစိုးရရဲ့ ငြိမ်းချမ်းရေး မူမမှန်ဟု မွန်ပြည်သစ်ကဆို

  • 7 အောက်တိုဘာ 2011
NMSP
Image caption မွန်ပြည်သစ်ပါတီ တပ်သားများ

မြန်မာအစိုးရဟာ တဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေကို ပြည်နယ်အစိုးရတွေက တဆင့် ဆောင်ရွက်နေပြီး၊ တခြား တဘက်မှာ စစ်ရေးအရ တိုက်ခိုက်မှု တွေကို တိုးမြှင့် ဆောင်ရွက်နေတာဟာ မူမမှန်၊ စေတနာ မမှန်ဘူးလို့ မွန်ပြည်သစ် ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ဘက်က ကိုယ်စားလှယ်တချို့နဲ့ မွန်ပြည်နယ် ပြည်နယ် အစိုးရရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးမြင့်အောင်တို့ အောက်တိုဘာ လ ၆ ရက် ကြာသပ တေးနေ့က တွေ့ဆုံခဲ့ကြပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံလိုကြောင်း ကမ်းလှမ်း ဆက်သွယ်လာတဲ့ အတွက် မွန်ပြည်သစ်ပါတီ ဘက်က သဘောထားကို ထုတ်ဖော် ပြောဆိုဖို့ ကိုယ် စားလှယ် စေလွှတ်ခဲ့တာသာ ဖြစ်ပြီး ပြည်နယ် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ မွန်ပြည်သစ် ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် တဘက်က ပြည်ထောင်စု အစိုးရကို ကိုယ်စားပြုနိုင်သူတွေနဲ့ သူတို့ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ချုပ် ဖြစ်တဲ့ UNFC ပြည်ထောင်စု အမျိုးသား ဖက်ဒရယ် ကောင်စီ တို့ ဆွေးနွေးဖို့ လိုတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရက တဘက်က ငြိမ်းချမ်းရေးကို ပြည်နယ် အစိုးရ တွေက တဆင့် ကမ်းလှမ်းပြီး တခြားတဘက်မှာ ထိုးစစ် တိုးမြှင့်နေတာ အပေါ် ဘယ်လိုမြင်ပါသလဲလို့ ဘီဘီစီက မေးမြန်းရာမှာတော့ ဒါဟာ စေတနာ မမှန်တဲ့ ဆောင်ရွက်ချက် အဖြစ်သံသယ ရှိကြောင်း နိုင်ဟံသာက ပြောပါတယ်။