လွှတ်တော် အစည်းအဝေး ဆယ်ရက်ကြာ နားမည်

  • 8 အောက်တိုဘာ 2011
burma parliament
Image caption လွှတ်တော် အစည်းအဝေးတွေ ဆယ်ရက်ခန့် ရပ်နား

လွှတ်တော် အစည်း အဝေးတွေကို ဒီနေ့က စရပ်နားပြီး ဒီလ ၁၇ ရက်နေ့ ကျမှ ပြန်စ မှာ ဖြစ်တယ်လို့ လွှတ်တော် တာဝန် ရှိသူတွေက ဘီဘီစီကို ပြောပြ ပါတယ်။

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ခု စလုံးက အစည်း အဝေးတွေကို ရပ်နားမှာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် အမတ် ဦးမန်း မောင်မောင်ဉာဏ်က ဘီဘီစီကို ပြောပြ ပါတယ်။

သီတင်းကျွတ် မီးထွန်းပွဲ ကာလ အားလပ်ရက် အဖြစ် နားတာဖြစ်သလို လွှတ်တော် ကျင်းပ နေတာ ရက်ကြာလာတဲ့ အတွက် အနား ပေးချင်တာလည်း ပါနိုင်တယ်လို့ ဦးမန်းမောင် မောင်ဉာဏ်က ပြောပြပါတယ်။

မနေ့ကတော့ ပြည်သူ့ လွှတ်တော်မှာ တရုတ် နယ်စပ် ခရီးသွား လုပ်ငန်းနဲ့ ရှမ်းပြည်နယ်က တာဆန်း ရေကာတာ ဆက်ဆောက်မယ့် အနေအထား ရှိမရှိ မေးခွန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးတွေက ဖြေကြားခဲ့ပါတယ်။

တာဆန်း ရေကာတာ တည်ဆောက်ရေးဟာ မဲခေါင်မြစ်ကို ဖြတ်ပြီး ထိုင်းကို လျှပ်စစ်အား ရောင်းချမယ့် ရေအား လျှပ်စစ် အစီအစဉ် ဖြစ်ပါတယ်။

လောလောဆယ် လေ့လာဆဲ အဆင့်မှာဘဲ ရှိသေးပြီး အဖြေ မပေးနိုင်သေးဘူးလို့ ပြည် ထောင်စု ဝန်ကြီးက ဖြေပါတယ်။

ထိုင်းကုမ္ပဏီက ရေအား လျှပ်စစ် ထုတ်ယူဖို့ စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်ကနေ နှုတ်ထွက် သွားတဲ့ အတွက် ထိုင်းကုမ္ပဏီကို တရား စွဲထားပါတယ်။

သူ့နေရာကို တခြား ဖက်စပ် ကုမ္ပဏီ နှစ်ခုက အစားဝင်ပြီး ရေကာတာ ဆက်လုပ်ဖို့ ကိစ္စကို လောလောဆယ် ဆွေးနွေးနေကြောင်း သတင်းရရှိပါတယ်။