မြန်မာ အလုပ်သမား အရေး ထိုင်းမှာ ဆွေးနွေး

  • 11 အောက်တိုဘာ 2011
U Myint Thein
Image caption မြန်မာ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းကို ဘီဘီစီ ဝိုင်းတော်သား ဦးဝင်းမြင့် တွေ့ဆုံမေးခဲ့

ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိ နေထိုင် နေကြတဲ့ မြန်မာ အလုပ်သမား ၂ သန်း ကျော် အရေး နဲ့ ပတ်သက်ပြီး ထိုင်း အလုပ်သမား ဝန်ကြီးဌာန နဲ့ ဆွေးနွေးဖို့ အတွက် မြန်မာ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်း ဟာ ဘန်ကောက် မြို့ကို အင်္ဂါ နေ့က ရောက်ရှိ လာပါတယ်။

တရားမဝင် အလုပ်သမား တွေကို မှတ်ပုံတင် စေတဲ့ ထိုင်းအစိုးရ ရဲ့ အစီအစဉ် အရ မြန်မာ အလုပ်သမား တစ်သန်းကျော် မှတ်ပုံ တင်ထားပြီး ကျန်တဲ့ တစ်သန်း ကျော် ကတော့ ဘာ အထောက်အထား စာရွက် စာတမ်းမှ မရှိဘဲ ဆက်လက် နေထိုင် နေကြကြောင်း ဦးမြင့်သိန်းက ပြောပါတယ်။

အခုအခါ မြန်မာ အလုပ်သမား တွေ တရား ဝင်အလုပ်လုပ် နိုင်ဖို့ အတွက် မြန်မာနိုင်ငံ ကနေ ယာယီ နိုင်ငံကူး လက်မှတ်ရော ပုံမှန် နိုင်ငံကူး လက်မှတ် တွေကိုပါ ထုတ်ပေး ဖို့ အစီအစဉ် တွေကို ဆောင်ရွက် နေပြီး ရန်ကုန် မြို့ကနေ တိုက်ရိုက် အလုပ်သမား ခေါ်ယူ နိုင်အောင်လည်း စီစဉ် နေတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် နယ်စပ်က ထွက်ခွာပြီး အလုပ်လုပ် သူတွေကို လည်း ဆက်ပြီး ဖွင့် ပေးထားမယ်လို့ မြန်မာ အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ မူဝါဒ အရ စက်ရုံတွေ အထိ လိုက်ပြီး အထောက်အထား တွေ ရအောင် လုပ်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပြီး တရားဝင် အလုပ်လုပ်သူ တွေ များလာအောင် လုပ်ပြီး တရား မဝင် နေထိုင် သူတွေ လျော့ နည်းလာ အောင်ဆောင်ရွက်သွားမယ်၊ ဒါမှလည်း အလုပ်သမား တွေကို အကာ အကွယ် ပေးအောင် လုပ်နိုင်မယ် လို့ ဦးမြင့်သိန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။